2 ထို့နောက် ကိုယ်တော်သည် ကမ်းစပ်တွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည်လည်း လှေပေါ်မှဆင်း၍ ငါးဖမ်းပိုက်ကွန်များကို ဆေးကြောနေကြ၏။
တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဂင်္နေသရက်အိုင်rနားတွင် ရပ်နေတော်မူနေစဉ် လူထုပရိသတ်တို့သည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို ကြားနာရန် ကိုယ်တော်၏ပတ်လည်၌ စုဝေးရောက်ရှိလာကြ၏။
ထိုအခါ ကိုယ်တော်ယေရှုသည် ထိုလှေနှစ်စင်းအနက် ရှိမုန်၏လှေပေါ်သို့ တက်၍ လှေကို ကမ်းခြေမှ အနည်းငယ်ခွာရန် တောင်းဆိုတော်မူ၏။ ထို့နောက် သူသည် လှေပေါ်၌ ထိုင်ကာ လူတို့အား ဟောပြောသွန်သင်တော်မူ၏။