16 သို့သော် ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်တွင် တစ်ကိုယ်တည်း သွားရောက်ဆုတောင်းလေ့ရှိတော်မူ၏။
ထိုသို့ ထောင်သွင်းအကျဉ်းချမခံရမီတွင် ယောဟန်သည် လူများစွာတို့ကို ရေနှစ်မင်္ဂလာပြုပေးခဲ့၏။ ကိုယ်တော်ယေရှုသည်လည်း ရေနှစ်မင်္ဂလာခံယူ၍ ဆုတောင်းနေစဉ်တွင် ကောင်းကင်သည် ဟင်းလင်းပွင့်၍
တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တောင်ပေါ်သို့ သွားရောက်၍ တစ်ညလုံး ဘုရားရှင်ထံ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။
အထက်ပါကဲ့သို့ မိန့်တော်မူပြီး ရှစ်ရက်ခန့်အကြာတွင် ကိုယ်တော်သည် ပေတရု၊ယောဟန်နှင့်ယာကုပ်တို့ကို ခေါ် ဆောင်၍ ဝတ်ပြုဆုတောင်းရန်တောင်ပေါ်သို့ကြွတော်မူ၏။
ကိုယ်တော်ဆုတောင်းနေစဉ် သူ၏အဆင်းသဏ္ဍာန် သည်ပြောင်းလဲသွားပြီးသူ၏ဝတ်ရုံတော်သည်လည်းဖြူဖွေး တောက်ပြောင်သွားလေ၏။