Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 4:35 - TPV-RV (Thamma Pitakadaw)

35 ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား ဆုံးမလျက် “တိတ်လော့၊ သူ့အထဲမှ ထွက်သွားလော့” ဟုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးသည် ထိုလူအား လူများအလယ်တွင် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး မနာကျင်စေဘဲ ထွက်ခွာသွားလေ၏။

Faic an caibideil Dèan lethbhreac




Luke 4:35
17 Iomraidhean Croise  

သို့သော်သူ့ထက် သန်မာထွားကြိုင်း သူကလာ၍ သူ့အားအောင်နိုင်ခဲ့လျှင် ထိုသူယုံကြည် အားကိုးသော လက်နက်ကိရိယာများကို သိမ်းဆည်း သယ်ဆောင် သွားလိမ့်မည်။ ထို့နောက်တစ်ခြားသောသူတို့ ကိုလည်း သူယူဆောင်လာခဲ့သည်များကို ခွဲဝေးပေးပါလိမ့် မည်။


ထိုအခါ ကိုယ်တော်က “သင်တို့သည် ငါ့အား ‘ဆေးဆရာ၊ မိမိကိုယ်ကို ကုသလော့’ ဟုဆိုသည့် ဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့၌ သင်ပြုခဲ့သည်ဟု အကျွန်ုပ်တို့ကြားရသည့်အမှုအရာများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်း ပြုပါလော့’ ဟု ဧကန်မုချ ဆိုကြလိမ့်မည်” ဟုမိန့်ဆိုပြီးနောက်


ထို့ကြောင့် ကိုယ်တော်သည် သူမအနီးသို့ သွား၍ အဖျားရောဂါကို ပျောက်ကင်းစေရန် အမိန့်ပေးလိုက်သည်နှင့် သူမသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကို ဧည့်ဝတ်ပြုလေ၏။


မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။


ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်အား လှုပ်နှိုးလိုက်ပြီး “ကိုယ်တော်၊ ကိုယ်တော်၊ အကျွန်ုပ်တို့ သေရပါတော့မည်” ဟုလျှောက်တင်ကြသဖြင့် ကိုယ်တော်သည် ထ၍ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများအား ရပ်တန့်သွားရန် အမိန့်ပေးလိုက်သည့်အခါ လေပြင်းမုန်တိုင်းနှင့် လှိုင်းလုံးကြီးများမှာ ငြိမ်သက်သွားလေတော့၏။


မကောင်းဆိုးဝါး ပူးဝင်နှိပ်စက် သဖြင့်အလန့်တကြား အော်ဟစ်နေပါတယ်၊ သူ့တစ်ကိုယ် လုံးတုန်လှုပ်ပြီး ပါးစပ်ထဲမှအမြုပ်များ ထွက်လာတတ်ပါ တယ်။ ထိုမကောင်းဆိုးဝါးသည် သူ့အား ပင်ပန်းမောဟိုက် နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့် ထွက်သွားတတ်ပါတယ်။


ထိုကလေးကိုခေါ်လာစဉ် မကောင်းဆိုးဝါးသည် သူ့အားဝင်ပူးပြီး တစ်ကိုယ်လုံး တုန်လှုပ်စေလေသည်။ ကိုယ်တော်က မကောင်းဆိုးဝါးအား အမိန့်ပေးလိုက်ရာ ရပ်တန့်သွားလေ၏။ ကိုယ်တော်သည် ထိုယောင်္ကျားလေး ကို ကုသပေးပြီး သူ့ဖခင်ထံသို့ပြန်လည်အပ်နှံလိုက်လေ သည်။


Lean sinn:

Sanasan


Sanasan