Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 4:16 - TPV-RV (Thamma Pitakadaw)

16 ထို့နောက် ကိုယ်တော်ယေရှုသည် သူကြီးပြင်းရာအရပ်ဖြစ်သော နာဇရက်မြို့သို့ ပြန်လာ၏။ တစ်ခုသော ဥပုသ်နေ့တွင် ကိုယ်တော်သည် ဓမ္မာရုံသို့ သွားနေကျအတိုင်း သွားရောက်ပြီး ထိုနေရာတွင် သူသည် ကျမ်းစာဖတ်ရန် မတ်တပ်ရပ်လေ၏။

Faic an caibideil Dèan lethbhreac




Luke 4:16
14 Iomraidhean Croise  

ထို့နောက် မာရိနှင့် ယောသပ်တို့သည် ဘုရားရှင်၏ ပညတ်တော်များကိုကျေပွန်စွာ ဆောင်ရွက်ပြီးနောက် သူတို့၏နေရပ်မြို့ဖြစ်သော ဂါလိလဲပြည်ရှိ နာဇရက်မြို့သို့ ပြန်ခဲ့ကြ၏။


ကိုယ်တော်ယေရှု အသက်တစ်ဆယ့်နှစ်နှစ်အရွယ်တွင် သူတို့အားလုံးသည် ပသခါပွဲတော်ဆင်နွှဲရန်အတွက် ထိုမြို့သို့ သွားခဲ့ကြလေ၏။


ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


ထို့နောက် ကိုယ်တော်သည် ထိုအရပ်ဒေသရှိ ဓမ္မာရုံpများတွင် ဟောပြောသွန်သင်တော်မူလေရာ လူထုပရိသတ်တို့ကလည်း ကိုယ်တော်အား ချီးမွမ်းထောပနာပြုကြလေ၏။


ထို့နောက် ကိုယ်တော်အား အရိယာသူတော်စင်ဟေရှာယ၏ကျမ်းစာလိပ်ကို ပေးလိုက်သဖြင့် သူသည် ဖွင့်၍ဖတ်လေ၏။


ထို့နောက် ကိုယ်တော်က လူတို့အား “သင်တို့ ကြားနာလိုက်ရသည့် ဤကျမ်းစာပိုဒ်သည် ယနေ့ပင် အမှန်တကယ် ဖြစ်လာပြီ” ဟုမိန့်တော်မူသဖြင့် 2


ထိုအခါ ကိုယ်တော်က “သင်တို့သည် ငါ့အား ‘ဆေးဆရာ၊ မိမိကိုယ်ကို ကုသလော့’ ဟုဆိုသည့် ဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့၌ သင်ပြုခဲ့သည်ဟု အကျွန်ုပ်တို့ကြားရသည့်အမှုအရာများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်း ပြုပါလော့’ ဟု ဧကန်မုချ ဆိုကြလိမ့်မည်” ဟုမိန့်ဆိုပြီးနောက်


Lean sinn:

Sanasan


Sanasan