Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 3:8 - TPV-RV (Thamma Pitakadaw)

8 ထို့ကြောင့် သင်တို့၏အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရပြီဆိုသည်ကို အလုပ်အားဖြင့် သက်သေပြကြလော့။ သင်တို့ကိုယ်သင်တို့ အာဗြဟံ၏မျိုးဆက်ဖြစ်သည်ဟူ၍ မဆိုကြနှင့်။ အကြောင်းမူကား၊ ဘုရားရှင်သည် သင်တို့နေရာ၌ အစားထိုးရန် ဤကျောက်ခဲများကိုပင် အာဗြဟံ၏မျိုးဆက်များအဖြစ် ဖန်ဆင်းလိုက်နိုင်သည်ဟု သင်တို့အား ငါဆိုမည်။

Faic an caibideil Dèan lethbhreac




Luke 3:8
29 Iomraidhean Croise  

အိမ်ရှင်သည်ထလာပြီး တံခါးပိတ် လိုက်လျှင် သင်တို့သည် အပြင်မှာမတ်တပ်ရပ်၍ “အရှင် တံခါးဖွင့်ပေးပါ” ဟူ၍ ပြောရလိမ့်မည်။ သို့သော် အိမ်ရှင်က “မင်းတို့အကြောင်းငါမသိဘူး” ပြန်ပြောလိမ့်မည်။


သင်တို့ကလည်း “ကျွန်ုပ်တို့သည် အရှင်နှင့်အတူတူ စားသောက်ခဲ့ဖူးပါသည်။ အရှင်သည် လမ်းခရီးတွင်လည်း ကျွန်ုပ်တို့အား ဟောပြောသွန်သင်ခဲ့ဖူးပါသည်” ဟု သင်တို့ ပြောသော်လည်း


ထိုသူရောက်လာ လျှင် “မင်းနေရာကိုဒီလူအတွက် ဖယ်ပေးလိုက်ပါ” ဟု အပြောခံရ၍ သင်သည်အရှက်ရပြီး အဆိုးဆုံးနေရာတွင် သွားထိုင်ရလိမ့်မည်။


ကိုယ်တော်က “သူတို့တွေရဲ့ ကြွေးကြော်သံတွေကို ရပ်စေလိုက်လျှင် ဒီကျောက်တုံး တွေက ကြွေးကြော်ကြလိမ့်မယ်”ဟု ပြောလိုက်သည်။


ကိုယ်တော်က ဇက္ခဲအား “ယနေ့မှစပြီး သင်နှင့် သင့်မိသားစုအားလုံး ကယ်တင်ခြင်းခံရပြီ၊ ဘာ့ကြောင့်လဲ ဆိုတော့ သင်သည် အာဗြဟံမျိုးရိုးက ဆင်းသက်လာသူ အမှန်ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် “ဤသူသည် မိမိကိုယ်ကို မည်သူဟုထင်၍ ဤကဲ့သို့သော ဘုရားရှင်ကို စော်ကားသည့်စကားမျိုးကို ဆိုရသနည်း။ သူ့ကိုယ်သူ ဘုရားရှင်ဟုထင်နေသလော။ အကြောင်းမူကား ဘုရားရှင်မှလွဲ၍ အပြစ်များကို ခွင့်လွှတ်နိုင်သူဟူ၍ အဘယ်သူမျှမရှိ” ဟုတွေးတောကြလေ၏။


Lean sinn:

Sanasan


Sanasan