24 ကျွန်တော်တို့ ထဲကလူအချို့ သင်္ချိုင်းကိုသွားကြည့်တဲ့အခါမှာလဲ ထိုအမျိုး သမီးများပြောသကဲ့သို့ဖြစ်နေပြီး သူတို့လည်း ကိုယ်တော် ယေရှုအလောင်းတော်ကို မတွေ့ခဲ့ကြပါ”ဟု ပြောပြကြလေ သည်။
သို့သော်ပေတရုသည် ဂူသင်္ချိုင်းသို့ပြေးသွားပြီး ငုံ့ကြည့်လေသည်။ ပိတ်စများသာ ရှိပြီး အခြားဘာမှမရှိတော့ချေ။ ထိုအခြင်းအရာကို အံ့ဩ လျက်အိမ်သို့ပြန်လေသည်။
သူတို့သည် ကိုယ်တော်၏အလောင်းတော်ကို မတွေ့ခဲ့ကြ ပါ။ ဘုရားရှင်၏နတ်စေတမာန်များက ကိုယ်တော်ယေရှု သည် အသက်ပြန်လည် ရှင်ပြန်ထမြောက်သွားပြီဟုပြောပြ သည့်အကြောင်းအား သူတို့ပြန်လာသောအခါတွင် ကျွန် တော်တို့အား ပြန်လည်ပြောပြကြသည်။
ထို့နောက် ကိုယ်တော်က တပည့်တော် နှစ်ဦး အား “သင်တို့ အဘယ့်ကြောင့် နားမလည်နိုင်ကြသနည်း။ ပညာရှိ သူတော်ကောင်းများ၏ မိန့်မှာချက်များကိုယုံကြည် ရန် မည်သည့်အတွက်ကြောင့် နှောင့်နှေးနေကြသနည်း။