70 “ဤသို့ဆိုလျှင်သင်သည် ဘုရားသားတော် ဟုတ်ပါသလား”ဟု ဆက်လက်မေးမြန်းရာ ကိုယ်တော်က “ငါဟာသင်တို့ပြောသကဲ့သို့ပင်ဖြစ်သည်”ဟု ပြန်ပြောလေ သည်။
ထိုသို့ပြောဆိုသည်ကိုကြားရသောအခါ စစ်ဆေး သူတို့က “တရားခံကိုယ်တိုင်ဝန်ခံနေပြီ”ဟုဆိုလေသည်။
ပိလတ် ဘုရင်ခံက ကိုယ်တော်ယေရှုအား “သင်သည်ယုဒလူမျိုး တို့၏ ဘုရင်ဟုတ်ပါသလား”ဟု မေးလေသည်။ “သင်ပြော သောစကားသည်သင့်၏စကားပင်ဖြစ်၏”ဟု ကိုယ်တော်က ပြန်ဖြေလိုက်သည်။
မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။