17 သို့သော်ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်၍ “ကျမ်းစာထဲတွင် တိုက်ကိုတည် ဆောက်သူတို့ လွှင့်ပစ်ထားသော ကျောက်တုံးသည် အရေး ကြီးဆုံးထောင့်ချုပ်ကျောကဖြစ်လာရ၏။
ယေရုရှလင်မြို့ကို မြင်ရသောအခါ ကိုယ်တော်သည် မျက်ရည်ကျတော်မူ၏။ “ဘယ်အရာကငြိမ်းချမ်းရေးကိုယူ ဆောင်လာတယ်ဆိုတာ သင်တို့မသိကြခြင်းသည် အလွန် ဆိုးဝါးလွန်း၏။
ကျမ်းစာတွင် “ထိုသူသည် ရာဇဝတ်သား ဟု သတ်မှတ်ခြင်းခံရမည်ဟူသော ကျမ်းချက်အတိုင်း ငါဖြစ်ရ တော့မည်။” အဘယ့်ကြောင့်ဆိုသော် ကျမ်းတော်မြတ်တွင် ငါ၏အကြောင်းအား ဖော်ပြထားသောကြောင့် ဖြစ်သည်။
ကိုယ်တော်က ပေတရုအားလှည့်ကြည့်လိုက်၏။ ထို အခါပေတရုသည် ကိုယ်တော်မိန့်မှာခဲ့သော “မနက်ဖြန် လင်းကြက်မတွန်မီမှာ ကိုယ်တော်အား သင်မသိပါဟု သုံးကြိမ်ကြိမ်တိုင်တိုင် ပြောလိမ့်မည်” ဆိုသောစကားကို အမှတ်ရလေသည်။
ကိုယ်တော်က‘မောရှေပညတ်နဲ့ ပရောဖတ်တို့၏ စာ အုပ်များ၊ဆာလံကျမ်းများမှာ ကိုယ်တော့်အကြောင်း ဖော်ပြ ထားသည့်အတိုင်း အမှန်ဖြစ်လာလိမ့်မည်။ ဟု သင်တို့အား ပြောပြခဲ့သည့် အကြောင်းများမှာယခု အဖြစ်အပျက်များ ပင်ဖြစ်သည်။