43 ပသခါပွဲတော်kနေ့ရက်များပြီးသောအခါ ကလေးငယ်ယေရှုသည် ဂျေရုဆလင်မြို့တွင် ကျန်နေခဲ့သည်ကို ယေရှု၏မိခင်နှင့် ယောသပ်တို့သည် မသိရှိခဲ့ကြဘဲ ပြန်လာခဲ့ကြလေ၏။
ကိုယ်တော်ယေရှု အသက်တစ်ဆယ့်နှစ်နှစ်အရွယ်တွင် သူတို့အားလုံးသည် ပသခါပွဲတော်ဆင်နွှဲရန်အတွက် ထိုမြို့သို့ သွားခဲ့ကြလေ၏။
ကလေးငယ်ယေရှုသည် သူတို့နှင့်အတူ အိမ်ပြန်ရာ ခရီးသွားလူအုပ်ထဲတွင် လိုက်ပါလာခဲ့သည်ဟု တွေးထင်ခဲ့ကြပြီး တစ်ရက်ကြာတိုင် ခရီးဆက်ခဲ့ကြလေ၏။ ထို့နောက်တွင်မှ သူတို့သည် ကလေးငယ်ယေရှုအား ဆွေမျိုးများနှင့် မိတ်ဆွေများအကြားတွင် ရှာဖွေကြလေ၏။