15 ထို့နောက် နတ်ဒေဝါတို့ ရွှေမြို့တော်သို့ ပြန်သွားပြီးနောက် သိုးကျောင်းသားတို့သည် “ငါတို့အား ဘုရားရှင်ဟောကြားတော်မူသောအရာကိုကြည့်ရှုရန် ဗက်လင်မြို့သို့ သွားကြအံ့” ဟုအချင်းချင်းပြောဆိုကြလေ၏။
“ရွှေမြို့တော်၌ ရှိတော်မူသော ဘုရားရှင်ကို ဘုန်းကြီးတော်မူစေသတည်း။ ဤကမ္ဘာမြေပေါ်ရှိ ဘုရားရှင်အား ဆည်းကပ်သော လူအားလုံးအပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း” ဟုဆိုကြလေ၏။
ထို့နောက် သူတို့သည် ထိုနေရာသို့ အလျင်အမြန် သွားကြသောအခါ ယောသပ်၊ မာရိတို့နှင့်အတူ နွားစားခွက်၌ သိပ်ထားသော ကလေးငယ်ကို တွေ့ကြရလေ၏။
ထိုသို့ ပြုလုပ်ပြီး နိဗ္ဗာန်ရွှေမြို့တော်သို့ ကြွမြန်းတော်မူလေသည်။ တပည့်တော်များသည် ကိုယ်တော်အား ရှိခိုးကန်တော့ကြ ပြီးလျှင် အလွန်ပျော်ရွှင်စွာဖြင့် ယေရုရှလင်သို့ ပြန်သွားကြ လေသည်။သူတို့သည် ဗိမာန်တော်သို့ လာရောက်၍ ဘုရား ဂုဏ်ကျေးဇူးတော်ကို အမြဲမပြတ်ချီးမွမ်းကြလေသည်။