11 ယနေ့ညတွင် ကယ်တင်ရှင်မေရှိယgသည် ဒါဝိဒ်၏မြို့၌ သင်တို့အတွက် ဖွားမြင်တော်မူပြီ။
ဤကဲ့သို့ အရှင်၏မယ်တော်သည် အကျွန်ုပ်ထံသို့ လာရသည့်အခွင့်ထူးကို အဘယ်ကြောင့်အကျွန်ုပ်ခံယူရပါသနည်း။
ဘုရားရှင်သည် မိမိ၏အစေခံဒါဝိဒ်မှ ဆင်းသက်လာသော တန်ခိုးအာဏာကြီးမားသည့် ကယ်တင်ရှင်အား ကျွန်ုပ်တို့အားလုံးအတွက် ပေးသနားတော်မူလေပြီ။
သူ့အား “သင်သည် ကယ်တင်ရှင်မေရှိယကို မဖူးမြင်ရဘဲ သေရလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။
ယောသပ်သည်လည်း ဘုရင်ဒါဝိဒ်၏မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးဖြစ်သောကြောင့် ဂါလိလဲပြည် နာဇရက်မြို့မှထွက်ခွာ၍ ဘုရင်ဒါဝိဒ်၏ဇာတိမြို့ဖြစ်သော ယုဒပြည်ရှိ ဗက်လင်မြို့သို့ သန်းခေါင်စာရင်းသွင်းရန် သွားရောက်လေ၏။