29 သံလွင်တောင်အနီး ဗက်ဖာဂေနှင့် ဗေသနိမြို့သို့ ရောက်သောအခါရှေ့ပြေးအဖြစ်တပည့်တော် နှစ်ယောက်ကို ကြိုတင်စေလွှတ်လိုက်သည်။
ကိုယ် တော်က သူတို့ကို “ရှေးကရွာကိုသွားလိုက်ပါ၊ အဲဒီမှာတစ်ခါ မှ မစီးရသေးတဲ့မြည်းငယ်တစ်ကောင်ကို တွေ့ရလိမ့်မယ်။ ကြိုးဖြုတ်ပြီးမြည်းကိုယူခဲ့ပါ။
ကိုယ်တော်ယေရှုသံလွင် တောင်ပေါ်မှ အဆင်းတွင် ပရိသတ်ကြီးသည် ပျော်ရွှင်စွာ ဖြင့် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြသည်။ အဘယ့် ကြောင့်ဆိုသော် အံ့ဩဖွယ်ရာအလုံးစုံကို မြင်လိုက်ရသော ကြောင့်ဖြစ်သည်။
ကိုယ်တော်သည် ဗိမာန်တော်တွင် နေ့စဉ်နေ့တိုင်း တရားတော်များဖြန့်ဝေနေပါသည်။ သံလွင်တောင်ထိပ်တွင် လည်း ညတိုင်းရှိနေပါသည်။
ကိုယ်တော်သည် သူ၏အလေ့အထအတိုင်း သံလွင် တောင်ပေါ်သို့ကြွတော်မူလေ၏။ တပည့်တော် တို့သည် လည်း နောက်တော်သို့လိုက်လာကြလေသည်။
ကိုယ်တော်သည် တပည့်တော်များကိုခေါ်၍ ‘ဗေသနိ’ မြို့ပြင်တစ်နေရာသို့ ကြွလှမ်းတော်မူလေသည်။ ထိုနေရာ သို့ရောက်သည့်အခါ တပည့်တော် အားလုံးအတွက် လက် တော်ကိုမြှောက်၍ ကောင်းချီးပေးတော်မူသည်။