32 သူ့ကို တိုင်းတပါးသားလက်ထဲသို့ အပ်ကြ လိမ့်မည်။ သူ့ကိုပျက်ရယ်ပြုကြမည်။ လှောင်ပြောင်ကြ မည်။ အကြမ်းဖက်ကြမည်။ မျက်နှာကိုတံတွေးဖြင့် ထွေး မည်။
သူ့ကိုရိုက်နှက်မည်။ သတ်ဖြတ်လိုက်ကြမည်။ ဒါပေမယ့်လည်း သုံးရက်မြောက် တဲ့နေ့မှာ သူအသက်ပြန် ရှင်မည်”ဟု မိန့်ဆိုလေသည်။
ဘာသာရေးခေါင်းဆောင်တို့သည်ကိုယ်တော်ယေရှုအား ပိလတ်ဘုရင်ခံထံသို့ပို့ဆောင်ကြသည်။
ဟေရုဒ်ဘုရင်နှင့် သူ၏ရဲမက်များသည် ကိုယ်တော်အား လှောင်ပြောင်ကာ ပြက်ရယ်ပြုကြသည်။ သူတို့သည် ကိုယ်တော်အား တင့်တယ်လှပသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်စေလျှက် ပိလတ်ဘုရင်ခံထံသို့ ပို့လိုက်ကြသည်။
အစောင့်ရဲမက်များသည် ကိုယ်တော်၏ ဝတ်ရုံတော်အား အလောင်းအစားလုပ်၍ ခွဲဝေယူကြ၏။ ခေါင်းဆောင်များက “ဤသူသည် တစ်ပါး သူများအား ကယ်တင်ခဲ့ပြီး သူသည် ဘုရားရှင်ရွေးချယ် တော်မူသော ‘မေရှိယ’ဖြစ်လျှင်သူ့ကိုယ်သူကယ်တင်ပါလိမ့် မည်။”ဟုပြောကြလေသည်။