Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 18:23 - TPV-RV (Thamma Pitakadaw)

23 ထို စကားကိုကြားရသောအခါ ထိုသူသည် ချမ်းသာသမျှကို မစွန့်လွှတ်နိုင်၍ ဝမ်းနည်းသွားလေ၏။

Faic an caibideil Dèan lethbhreac




Luke 18:23
15 Iomraidhean Croise  

ထိုအခါ ကိုယ်တော်ကဆက်လက်၍ ပရိသတ်တို့အား “လောဘ မကြီးကြပါနှင့်၊ သင်တို့ပိုင်ဆိုင်သည့် မြောက်များစွာသော ပစ္စည်းဥစ္စာတို့သည် သင်တို့၏အသက်ကို မကယ်တင်နိုင်" ဟု မိန့်တော်မူလိုက်သည်။


ထိုစကားကို ကိုယ်တော်ကြား သောအခါ ကိုယ်တော်က “ဤသို့ဆိုလျှင် သင်တစ်ခုသာ လုပ်စရာကျန်ပါတော့သည်၊ သင်ပိုင်ဆိုင်သမျှတို့ကို သွား ရောင်းလိုက်ပါ၊ပြီးလျှင် ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲ ပါ။ သို့မှသာ သင်သည်နိဗ္ဗာန်ရွှေမြို့တော်တွင် ချမ်းသာ ကြွယ်ဝမူကိုရလိမ့်မည်။ ဒါတွေလုပ်ဆောင်ပြီးလျှင် ငါ့၏ တပည့်တော်အဖြစ်လိုက်ခဲ့ပါ” ဟု မိန့်တော်မူလိုက်၏။


ထိုလူမည်မျှ ဝမ်းနည်းသွားသည်ကို ကိုယ်တော်မြင်တွေ့ရသောအခါ “ချမ်းသာ သောသူများအတွက် ဘုရားသာသနာတော်ထဲသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှ၏။


ထို့နောက် ‘ဇက္ခဲ’က မတ်တပ်ရပ်လျက် ကိုယ်တော် အား” ကျွန်ုပ်ပိုင်ဆိုင်သည်များကို မရှိဆင်းရဲသားတို့အား တစ်ဝက်ခွဲပေးပါမည်။ ပိုမိုကောက်ယူထားသော အခွန် တော်ငွေထက် လေးဆပိုသောငွေများကို ပြန်အမ်းလိုက်ပါ မည်”ဟု ကိုယ်တော်အားလျှောက်ထားတင်ပြလေသည်။


“စားလိုက်သောက်လိုက်၊ ဘဝအတွက်ပူပင်လိုက်နှင့် သင့်၏အချိန်များမကုန်ဆုံးပါစေနှင့်။


ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။


Lean sinn:

Sanasan


Sanasan