20 ဖာရိရှဲအချို့က ကိုယ်တော်ယေရှုအား ဘုရားသာသနာ တော် ထွန်းကားလာမည့်နေ့ကိုမေးသောအခါ ကိုယ်တော် က “ဘုရားသာသနာတော်ဆိုသည်မှာ သင်တို့မြင်နိုင်သော အရာမဟုတ်ပါ။
"ကျွန်ုပ်တို့ သင်တို့အား သတိပေးတဲ့အနေနှင့် ငါတို့ခြေထောက်က ဖုန်မှုန့်တွေကိုခါချခဲ့မယ်၊ ဘုရားရှင်၏သာသနာသည် ဤ နေရာသို့ရောက်လာတော့မည်”ဟုပြောခဲ့ကြပါ။
ဥပုသ်နေ့တစ်ရက်တွင် ကိုယ်တော်ယေရှုသည် အရေး ပါသောဖာရိရှဲတစ်ဦး၏နေအိမ်တွင် ညနေစာသုံးဆောင် လေ၏။ လူအားလုံးတို့သည် ကိုယ်တော်ယေရှုအား သတိ ထား၍ စောင့်ကြည့်နေကြသည်။
ရေနှစ် မင်္ဂလာဆရာယောဟန် ခေတ်မတိုင်မီထိ လူတို့သည် မောရှေကျမ်းများနှင့် ပရောဖက်တို့၏ ကျမ်းစာအုပ် ကြီးများအတိုင်း လိုက်နာခဲ့ကြရသည်။ သို့သော်လည်း ဘုရားရှင်၏သာသနာတော်ရောက်ရှိလာသည့် အခါတွင်မူ လူအများသည် သာသနာတော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလာကြသည်။
ကိုယ်တော်သည် ယေရုရှလင်မြို့အနီးသို့ ရောက်တော် မူလာရာ လူထုပရိသတ်တို့သည်လည်း ကိုယ်တော်၏ တရားတော်များအား နာကြားလျက်လိုက်ပါလာကြ၏။ လူ အများက မကြာမီ ဘုရားရှင်၏သာသနာတော်ပေါ်ထွန်း တော့မည်ဟု တွေးထင်နေကြ၏။