14 ဖာရိရှဲများသည် ငွေကိုသာမက်မောကြ၍ ကိုယ်တော် ပြောသည်များကို ရယ်မောလှောင်ပြောင်ကြလေသည်။ ကိုယ်တော်ယေရှုက ဤသို့ပြောကြားလေသည်။
ထိုအခါ ကိုယ်တော်ကဆက်လက်၍ ပရိသတ်တို့အား “လောဘ မကြီးကြပါနှင့်၊ သင်တို့ပိုင်ဆိုင်သည့် မြောက်များစွာသော ပစ္စည်းဥစ္စာတို့သည် သင်တို့၏အသက်ကို မကယ်တင်နိုင်" ဟု မိန့်တော်မူလိုက်သည်။
မုဆိုးမ များ၏အိမ်များအား အတင်းအဓမ္မသိမ်းယူကြပြီးဆုတောင်း သည့် အခါတွင်လည်း ရှည်လျားစွာ ဟန်ဆောင်ဆုတောင်း တတ်ကျသည်။ ဤပုဂ္ဂိုလ်တို့သည် ပြင်းထန်သောအပြစ် ပေးခံရမည့်သူများ ဖြစ်ကြောင်း ကိုယ်တော်ကသတိပေး မိန့်မှာတော်မူလေသည်။
အစောင့်ရဲမက်များသည် ကိုယ်တော်၏ ဝတ်ရုံတော်အား အလောင်းအစားလုပ်၍ ခွဲဝေယူကြ၏။ ခေါင်းဆောင်များက “ဤသူသည် တစ်ပါး သူများအား ကယ်တင်ခဲ့ပြီး သူသည် ဘုရားရှင်ရွေးချယ် တော်မူသော ‘မေရှိယ’ဖြစ်လျှင်သူ့ကိုယ်သူကယ်တင်ပါလိမ့် မည်။”ဟုပြောကြလေသည်။
လူတို့သည် ထိုသူငယ်မသည် သေဆုံးပြီးဖြစ်ကြောင်း သိထားကြပြီးဖြစ်၍ ကိုယ်တော်အား လှောင်ပြောင်ရယ်မောကြလေ၏။