2 ထို့ကြောင့် ဖာရိရှဲများနှင့် မောရှေ ပညတ်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် “ဒီလူဟာ ဒုစရိုက် အပြစ် သားတွေနဲ့ အရောရောအနှောနှော နေယုံတင်မကဘဲ အတူတူစားသောက်ပြီး တောင်နေလိုက်သေးတယ်” ဟု ဝေဖန်ပြစ်တင်ကြလေ၏။
ထိုအခါ ကိုယ်တော်က သူတို့အား
ထိုအခြင်း အရာကိုမြင်သောသူတို့က “ဒီဇက္ခဲဟာ ဒုစရိုက်အပြစ်သမား တစ်ယောက်ပဲ၊ ဒါတောင်ကိုယ်တော်က သူ့အိမ်ကိုသွားပြီး သူနဲ့အတူစားသောက်ဦးမယ်”ဟူ၍ ဝေဖန်ကြလေသည်။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်၏တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤအခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများဟု ငါတို့သတ်မှတ်ထားသူများနှင့်အတူတကွ စားသောက်နေကြသနည်း” ဟုစောဒကတက်ကြလေ၏။
ထိုသို့ပင် လူ့သားတော်သည် စားသောက်လျက်နေသောအခါ သင်တို့က ‘ဤသူသည် အစားအသောက်ကျူးသူဖြစ်ကာ အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့် အပေါင်းအသင်းဖွဲ့နေ၏’ ဟုဆိုကြပြန်၏။
ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။