17 နောက်ဆုံးတွင် သူသည်အမြင်မှန်ရရှိလာကာ “ငါ့အဖေ၏ အလုပ်သမားများသည်ပင် ဝလင်ပေါကြွယ်စွာ စားကြရ၏။ ငါသည် ဤအရပ်၌ အစာငတ်ပြီးသေရတော့မည်။
သူသည် ဝက်အစာကိုကြည့်၍ သူလဲစားရတော့မည်ဟု ထင်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်မိလေသည်။ သို့ရာတွင် သူ့အားမည်သူမှ ထိုဝက်စာကိုပင်မကျွေးကြချေ။
သူသည် ငရဲသို့သွားရပြီး ပြင်းစွာသော ဒုက္ခဝေဒနာ ခံစားရ၏။ သူသည်အပေါ်သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ အဝေးတစ်နေရာတွင် အာဗြဟံကိုလည်းကောင်း၊ အာဗြဟံ၏ လက်ယာဘက်တွင် လာဇရုကိုလည်းကောင်း တွေ့မြင်ရလေ၏။
လူတို့သည်လည်း ထိုအဖြစ်အပျက်ကို ကြည့်ရှုရန် မြို့ထဲမှထွက်လာကြလေ၏။ သူတို့သည် အထံတော်သို့ ရောက်ကြသောအခါ မကောင်းဆိုးဝါး ဝင်ပူးခြင်းမှ လွတ်မြောက်သွားသူသည် အဝတ်အစားများ ဝတ်ဆင်လျှက် ကိုယ်တော်၏ခြေတော်ရင်းတွင် အကောင်းပကတိအတိုင်း ထိုင်လျှက်ရှိနေသည်ကို မြင်တွေ့ကြသောအခါ အံ့ဩတုန်လှုပ်သွားကြလေ၏။