6 စာကလေးငါးကောင်အားငွေနှစ်ပဲနိ ဖြင့်ရောင်းကြ၏။ သို့သော်လည်း ဘုရားရှင်သည်ထို စာက လေး တစ်ကောင်ကိုမျှမမေ့မလျော့ပေ။
ကျီးကန်းများကို ကြည့်ပါ၊သူတို့သည်မစိုက်မပျိုး၊မရိတ်မသိမ်းကြ၊သိုလှောင်မည့် ကျီများလည်းမရှိ၊ သို့သော် ဘုရားရှင်ကသူတို့အား ကြည့်ရှု စောင့်ရှောက်၏။ သင်တို့သည် ထိုငှက်များထက် ပို၍ပင် အရေးပါ၏။
တောရိုင်းပန်းလေးများကိုကြည့် ကြပါ။သူတို့၏ အဝတ်တန်ဆာအတွက် မကြိုးစားကြ၊ သို့ သော် သင်တို့အားငါပြောလိုသည်မှာ ဘုန်းတန်ခိုးကြီး သော ‘ရှောလမုန်’မင်းကြီးသည်ပင်လျှင် ထိုပန်းများကဲ့သို့ တင့်တယ်သော အဝတ်အစားများ မဝတ်နိုင်ပေ။