45 မောရှေကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးက"ကိုယ်တော်ဤသို့မိန့်တော်မူသည်မှာ ကျွန်ုပ်တို့ကို စော်ကားခြင်းသာ ဖြစ်ပါသည်"ဟုပြန်ပြောလေ၏။
ကိုယ်တော်က"ကျမ်းတတ်ဆရာတို့သင်တို့သည်ဒုက္ခတွေ့နေကြပြီ။သင်တို့သည်လူတို့ကိုလေးလံသည့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းစေ၏။ သို့သော် သင်တို့သည် ထိုလူများထမ်းသောဝန်များကို လက်ဖျားနဲ့ပင်တို့ထိ၍ မကူညီကြ။
မောရှေကျမ်း တတ်ပုဂ္ဂိုလ်တို့ သင်တို့သည်မိုက်တွင်းနက်ကြ၏။ သင်တို့ သည် ဘုရားရှင်နှင့် သက်ဆိုင်သော အသိပညာဘဏ်တိုက် တံခါးသော့ကို သိမ်းထားကြပြီး၊ ကိုယ်တိုင်လည်းမဝင်၊ အခြားသူများကိုလည်းတာဆီးကြ၏" ဟု မိန့်တော်မူလိုက် လေသည်။
သို့သော် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာတို့သည် ယောဟန်ထံမှ ရေနှစ်မင်္ဂလာကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားရှင်ကြံစည်ထားတော်မူသောအရာကို ငြင်းဆန်ပစ်ပယ်ကြ၏။