Luke 11:4 - TPV-RV (Thamma Pitakadaw)4 တပည့်တော်တို့အပေါ်အပြစ် ကျူးလွန်သူအပေါင်းတို့အား တပည့်တော်တို့မှ ခွင့်လွှတ်ပေးသကဲ့သို့၊ တပည့်တော်တို့၏ ဒုစရိုက်အပြစ်များကိုခွင့်လွှတ်ပေးတော်မူပါ။ကျွန်ုပ်တို့အားဒုစရိုက်အပြစ်ကျူးလွန်မိစေရန် သွေးဆောင်သမျှကိုလည်း တားဆီးပေးတော်မူပါ။ ဟူ၍ဆုတောင်းကြပါ” ဟု မိန့် တော်မူလေသည်။ Faic an caibideil |
ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ဝမ်းမြောက်ဝမ်းသာခံယူကြသော်လည်း သူတို့၏စိတ်နှလုံးတွင် တည်မြဲခြင်းမရှိဘဲ အချိန်ခဏတာမျှသာ ယုံကြည်လက်ခံကြပြီး ဘဝသက်တမ်း၌ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ထိုသူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းရပ်တန့်သွားတတ်ကြသူများဖြစ်ကြ၏။