23 ကိုယ်တော်ကသူ၏တပည့်တော်များဘက်သို့လှည့်လိုက်ပြီး"ယခုအခြင်းအရာတို့ကို သင်တို့ မြင်တွေ့ခွင့်ရသောကြောင့် အမှန်ပင်မင်္ဂလာရှိပါပေ၏။
များစွာသော ပညာရှိပရောဖက်တို့နှင့် ဘုရင်မင်းမြတ်တို့ သည် သင်တို့မြင်သမျှကြားသမျှသောအရာတို့ကို မြင်တွေ့ ခွင့်၊ကြားခွင့်ရရန် အလွန်စိတ်အားထက်သန်ခဲ့ကြ၏။ သို့ သော် သူတို့သည်မြင်တွေ့ခွင့်၊ကြားနာခွင့်မရရှိခဲ့ကြ"ဟူ၍ မိန့်တော်မူလိုက်လေသည်။