68 “အစ္စရေးလူမျိုးအားလုံးတို့၏ အရှင်သခင်ဖြစ်တော်မူသော ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ သူသည် သူ၏လူမျိုးအပေါင်းတို့အား လွတ်မြောက်ခြင်းပေးရန် ရောက်လာလေပြီ။
ဤတန်ခိုးကြီးသောကယ်တင်ရှင်သည် ကျွန်ုပ်တို့အား ရန်သူအပေါင်း၏လက်မှ ကယ်တင်မည့်အပြင် ကျွန်ုပ်တို့အား မလိုမုန်းတီးသူများ၏ဘေးအန္တရာယ်မှလည်း ကင်းလွတ်စေမည်ဖြစ်ပါ၏။
သင့်အားမြေကြီးတွင် ပြားပြားမှောက်စေလျှက် သင့်မြို့သားများကို ဖျက်စီးသုတ်သင်ခံရလိမ့်မည်။ မြို့ အဆောက်အဦးရှိ ကျောက်တုံးများသည်လည်း တစ်တုံး ပေါ်တစ်တုံးဆင့်၍တောင် ကျန်ခဲ့လိမ့်မည်မဟုတ်။ အဘယ့် ကြောင့်ဆိုသော် ဘုရားရှင်သည် သင်တို့ကိုလာ၍ ကယ် တင်သည်ကို မတွေ့မြင်ကြသောကြောင့်ဖြစ်သည်။” ဟု မိန့် တော်မူခဲ့လေသည်။
သူမသည်လည်း ထိုတစ်ချိန်တည်းမှာပင် ဗိမာန်တော်ဝန်းအတွင်းသို့ ရောက်လာပြီးလျှင် ကလေးငယ်ယေရှုကို မြင်သောအခါ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်း၍ ဂျေရုဆလင်မြို့၌ ရွေးနှုတ်ကယ်တင်တော်မူခြင်းကို စောင့်မျှော်နေခဲ့ကြသော လူအပေါင်းတို့အား ကလေးငယ်၏အကြောင်းကို ပြောကြားလေ၏။
ထိုကိုယ်တော်သည် ကျွန်ုပ်တို့ ဣသရေလလူမျိုးအပေါင်းအား လွတ်မြောက်စေတော်မူ မည့် အရှင်ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ သို့ရာ တွင် ဤအဖြစ်အပျက်များ အားလုံးသည် လွန်ခဲ့သော သုံးရက်က ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။
လူအပေါင်းတို့သည်လည်း ထိတ်လန့်အံ့ဩလျှက် “ငါတို့၌ မြင့်မြတ်သောအရိယာသူတော်စင်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားရှင်သည် ငါတို့အား ကြည့်ရှုစောင်မတော်မူလေပြီ” ဟုဆိုကြကာ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။