57 ထို့နောက် ဧလိရှဗက် မီးဖွားရန် အချိန်ကျလာသဖြင့် သားယောကျ်ားတစ်ဦးကို ဖွားမြင်လေ၏။
သို့သော် နတ်ဒေဝါက သူ့အား “မကြောက်နှင့်၊ ဇာခရိ။ အကြောင်းမူကား၊ သင်၏ဆုတောင်းသံကို ဘုရားရှင်ကြားသိတော်မူပြီ။ သင့်ဇနီး ဧလိရှဗက်သည် သင့်အတွက် သားယောကျ်ားတစ်ဦးကို ဖွားမြင်ပေးလိမ့်မည်။ သင်သည် သူ့ကို ယောဟန်ဟု အမည်ပေးရမည်။
ယုဒပြည်၌ ဟေရုဒ်မင်းကြီး အုပ်စိုးသောအချိန်တွင် ဇာခရိအမည်ရှိသော ဂျူးပုရောဟိတ်သည် အဘိယဟုခေါ်သော ပုရောဟိတ်အဖွဲ့ဝင် တစ်ဦးဖြစ်လေ၏။ သူ၏ဇနီး ဧလိရှဗက်မှာလည်း အာရုန်ဟုခေါ်သော ပုရောဟိတ်၏မျိုးရိုးမှ ဆင်းသက်လာသူဖြစ်၏။
ထို့နောက် မာရိသည် ဧလိရှဗက်နှင့်အတူ သုံးလခန့်နေထိုင်ခဲ့ပြီးနောက် သူမ၏အိမ်သို့ပြန်လေ၏။
သူမ၏အိမ်နီးချင်းများနှင့် ဆွေမျိုးများသည် သူမအပေါ် ၌ ဘုရားရှင်၏မဟာကရုဏာမေတ္တာတော်ကြီးမားပုံကို ကြားသိကြသဖြင့် သူမနှင့်ထပ်တူ ရွှင်လန်းဝမ်းမြောက်ကြရလေ၏။