54 ဘုရားရှင်သည် ကျွန်ုပ်တို့၏ဘိုးဘေးဖြစ်သည့် အာဗြဟံနှင့် သူ၏မျိုးရိုးစဉ်ဆက်တို့အပေါ် အစဉ်ထာဝရ မဟာကရုဏာမေတ္တာတော်ထားရှိမည်ဟု ကတိတော်ထားခဲ့၏။
သူသည် ဆာလောင်ငတ်မွတ်နေသောသူတို့ကို သူတို့လိုအပ်သည့်အရာတို့ဖြင့် ကျေနပ်နှစ်သိမ့်စေ၍ ကြွယ်ဝချမ်းသာသောသူတို့ကိုမူကား လက်ချည်းဗလာ စေလွှတ်တော်မူ၏။
ယခုအခါ၌ ဘုရားရှင်သည် သူ၏ကတိတော်ကို အောက်မေ့အမှတ်ရတော်မူလေပြီ။ ထို့ကြောင့် သူသည် အကျွန်ုပ်တို့နှင့် သူ၏အမှုတော်ကို ထမ်းဆောင်သူအစ္စရေးလူမျိုးအပေါင်းတို့ကို ကူညီမစတော်မူလေပြီ” ဟုဘုရားရှင်ကို ချီးမွမ်းထောပနာပြုလေ၏။