Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 1:45 - TPV-RV (Thamma Pitakadaw)

45 ဘုရားရှင်၏သတင်းစကားသည် အမှန်တကယ်ပင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်သောသင်သည်လည်း မင်္ဂလာရှိပါပေ၏” ဟုကျယ်လောင်သောအသံဖြင့် ဟစ်ကြွေးလေသည်။

Faic an caibideil Dèan lethbhreac




Luke 1:45
9 Iomraidhean Croise  

အချိန်တန်လျင် ဖြစ်လာမည့် ငါ့စကားကို သင်မယုံကြည်သည့်အတွက် ထိုအဖြစ်အပျက်များ ဖြစ်မလာခင်အချိန်တိုင်အောင် သင်သည် စကားမပြောနိုင်ဘဲ ဆွံ့အနေလိမ့်မည်” ဟုဆိုလေ၏။


အကြောင်းမူကား အသင်၏နှုတ်ခွန်းဆက်သံကို ကြားရသည်နှင့်ချက်ချင်း အကျွန်ုပ်၏ဝမ်းဗိုက်ထဲမှ ကလေးငယ်သည် ကြီးစွာသောပျော်ရွှင်မြူးတူးခြင်းဖြင့် လှုပ်ရမ်းပါ၏။


အကြောင်းမူကား ဘုရားရှင်သည် သူ၏နိမ့်ကျသောအစေခံဖြစ်သည့် အကျွန်ုပ်ကို မေ့လျော့မထားပေ။ ယခုအချိန်မှစ၍ နောင်လာနောင်သားအပေါင်းတို့သည်အကျွန်ုပ်အား မင်္ဂလာရှိသောအမျိုးသမီးဟု ခေါ်ဝေါ်ကြလိမ့်မည်။


Lean sinn:

Sanasan


Sanasan