31 သင်၌ ကိုယ်ဝန်ဆောင်၍ သားတော်တစ်ပါးဖွားမြင်လိမ့်မည်။ သင်သည် သူ့အမည်ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်။
သို့သော် နတ်ဒေဝါက သူ့အား “မကြောက်နှင့်၊ ဇာခရိ။ အကြောင်းမူကား၊ သင်၏ဆုတောင်းသံကို ဘုရားရှင်ကြားသိတော်မူပြီ။ သင့်ဇနီး ဧလိရှဗက်သည် သင့်အတွက် သားယောကျ်ားတစ်ဦးကို ဖွားမြင်ပေးလိမ့်မည်။ သင်သည် သူ့ကို ယောဟန်ဟု အမည်ပေးရမည်။
မာရိဟုခေါ်သော အပျိုစင်တစ်ဦးထံသို့ သွားရောက်၍ သတင်းစကားပြောဆိုစေခဲ့၏။ မာရိသည် ဘုရင်ဒါဝိဒ်၏မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည့် ယောသပ်နှင့် စေ့စပ်ထားသူဖြစ်သည်။
ကလေးငယ်ဖွားမြင်ပြီး ရှစ်ရက်မြောက်သောနေ့၌ မောရှေ၏ပညတ်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း ကလေးငယ်အား အရေဖျားလှီးမင်္ဂလာပြုလုပ်ဆောင်ရွက်ပေးရန် အချိန်ကျသောအခါ မာရိနှင့် ယောသပ်တို့သည် ကလေးငယ်အား သူမ၏ဝမ်းထဲ၌ ပဋိသန္ဓေမတည်မီကပင် နတ်ဒေဝါက မိန့်မှာခဲ့သည့်အတိုင်း ယေရှုဟု အမည်ပေးကြလေ၏။
ဘုရင်ဒါဝိဒ် သည် မေရှိယအရှင်အား ငါ၏ အရှင်ဟုပြောခဲ့သောကြောင့် မေရှိယအရှင်ဟာ ဒါဝိဒ်ဘုရင်၏သားတော် မည်ကဲ့သို့ဖြစ် နိုင်မည်နည်း။ ဟု ကိုယ်တော်က ရှင်းပြလေသည်။