Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 1:29 - TPV-RV (Thamma Pitakadaw)

29 သို့သော် မာရိသည် နတ်ဒေဝါ၏စကားတို့ကို ကြားသောအခါ အလွန်ပင်စိတ်ရှုပ်ထွေးပြီး နတ်ဒေဝါ၏စကားများသည် မည်သည်ကိုဆိုလိုကြောင်း တွေးတောနေလေ၏။

Faic an caibideil Dèan lethbhreac




Luke 1:29
12 Iomraidhean Croise  

ဇာခရိမြင်လျှင် သူသည် အလွန်ကြောက်လန့်၍ တုန်လှုပ်လေ၏။


နတ်ဒေဝါက မာရိအား နှုတ်ခွန်းဆက်ပြီးနောက် “ဘုရားရှင်ဟာ သင်နှင့်အတူ ရှိတော်မူပြီး သူ၏မဟာကရုဏာမေတ္တာတော်ကို သင့်အပေါ်မှာ အခြားအမျိုးသမီးများ အားလုံးထက်သာ၍ ပြသလေပြီ” ဟုပြောကြားလေသည်။


ထိုသတင်းတို့ကို ကြားသိကြရသောသူအပေါင်းတို့ကလည်း “ဤကလေးငယ်ကြီးပြင်းလာသောအခါ မည်ကဲ့သို့သောသူ ဖြစ်မည်နည်း” ဟုသူတို့၏စိတ်နှလုံးထဲတွင် တီးတိုးပြောဆိုနေကြလေ၏။ အကြောင်းမူကား ဘုရားရှင်၏တန်ခိုးတော်သည်လည်း ကလေးငယ်နှင့် အတူရှိနေသောကြောင့်ဖြစ်၏။


မာရိမူကား ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးတို့ကို အောက်မေ့သတိရလျှက် ထိုအရာတို့သည် မည်ကဲ့သို့အဓိပ္ပါယ်ရှိသည်ကို ထပ်ခါထပ်ခါ တွေးတောနေခဲ့လေ၏။


ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


Lean sinn:

Sanasan


Sanasan