20 အချိန်တန်လျင် ဖြစ်လာမည့် ငါ့စကားကို သင်မယုံကြည်သည့်အတွက် ထိုအဖြစ်အပျက်များ ဖြစ်မလာခင်အချိန်တိုင်အောင် သင်သည် စကားမပြောနိုင်ဘဲ ဆွံ့အနေလိမ့်မည်” ဟုဆိုလေ၏။
နတ်ဒေဝါက ဇာခရိအား “ငါသည် ဘုရားရှင်၏ရှေ့တော်၌ ခစားရသည့် ဂါဗြေလဖြစ်၏။ ဤမင်္ဂလာသတင်းကောင်းကို သင့်ထံ လာရောက်ဟောကြားဖို့ရန် ဘုရားရှင်သည် ငါ့အား စေလွှတ်လိုက်ခြင်းဖြစ်၏။
ထိုသို့ ဇာခရိနှင့် နတ်ဒေဝါတို့ ဗိမာန်တော်အတွင်း၌ စကားပြောနေကြစဉ် အပြင်ဘက်တွင်ရှိသော လူထုပရိသတ်တို့သည် ဇာခရိအား စောင့်ဆိုင်းလျှက် ရှိကြ၏။ သူတို့သည် ဗိမာန်တော်အတွင်းတွင် ဇာခရိအဘယ်ကြောင့် အချိန်ကြာမြင့်စွာ ရှိနေသည်ကို အံ့ဩလျက်ရှိကြ၏။
ဇာခရိ အပြင်သို့ ပြန်လည်ထွက်လာသည့်အချိန်တွင် စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်အတွင်း၌ရှိနေစဉ်က ဇာခရိသည် နိမိတ်လက္ခဏာတစ်ခုခုကို မြင်ခဲ့ရသည်ဟု လူထုပရိသတ်တို့က နားလည်သွားကြလေ၏။ ဇာခရိသည်လည်း စကားပြောနိုင်ခြင်းမရှိဘဲ လူတို့အား ဆက်လက်၍ ခြေဟန်လက်ဟန်ဖြင့်သာ အမူအရာများပြသနေခဲ့လေ၏။
ဘုရားရှင်၏သတင်းစကားသည် အမှန်တကယ်ပင် ဖြစ်လာလိမ့်မည်ဟု ယုံကြည်သောသင်သည်လည်း မင်္ဂလာရှိပါပေ၏” ဟုကျယ်လောင်သောအသံဖြင့် ဟစ်ကြွေးလေသည်။
ထိုခဏချင်းတွင် ဇာခရိသည် ပြန်လည်စကားပြောလာနိုင်ကာ ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကို စတင်ချီးမွမ်းလေ၏။