Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 8:29 - Southern Rakhine

29 ယင်းပိုင်လျှောက်ထားရေဆိုဟာက ကိုယ်တော်ဟာ မကောင်းဆိုးဝါးကို ယင်းလူပါးက ထွက်လားဖို့ အမိန့်ပီးလိုက်ဟာကြောင့် ဖြိုက်တေ။ မကောင်းဆိုးဝါးဟာ ယင်းလူကို နိန့်တိုင်း ဒုက္ခပီးရေ။ ယင်းလူရဲ့ ခြီတိလက်တိကို သံကြိုးတိနဲ့ချိုင်လို့ ဖမ်းပနာစောင့်ကြည့်ထားကတ်တာလဲ သူဟာ သံကြိုးတိကို ဖြတ်ပစ်ပနာ လူတိနဲ့ဝီးရေအရပ်သို့ မကောင်းဆိုးဝါးရဲ့ခေါ်ဆောင်ဟာကို ခံရရေ။

Faic an caibideil Dèan lethbhreac




Luke 8:29
9 Iomraidhean Croise  

ယင်းလူဟာ ကိုယ်တော်ကို မြင်ရေအခါ ရှေ့မာဒူးထောက်လိုက်ပြီးကေ အသံအကျယ်ကြီးနဲ့ “အမြင့်မြတ်ဆုံးဘုရားရှင်ရဲ့သားတော်ယေရှု၊ ကျွန်နော့်ကို အဇာလုပ်ချင်ပါရောင်၊ ကျွန်နော့်ကို မနှိပ်စက်ဖို့ ကိုယ်တော်ကို တောင်းပန်ပါရေ” လို့လျှောက်တင်လိုက်တေ။


ကိုယ်တော်က သူ့ကို “အသင့်နာမေ ပဇောင်ခေါ်ရောင်” လို့မီးရေအခါ ယင်းလူက “လေဂေါင်b ဖြိုက်ပါရေ” လို့ပြန်လျှောက်ခရေ။ အဇာဖြိုက်လို့ဆိုကေ သူ့ပါးမာ မကောင်းဆိုးဝါးအများကြီး ဝင်ပူးနီဟာကြောင့် ဖြိုက်တေ။


သူ့ကို မကောင်းဆိုးဝါးဟာ မကြာမကြာ ဝင်ပူးဟာကြောင့် သူဟာ အလန့်တကြားနဲ့အော်နီတတ်တေ။ ယပြီးကေ သူ့တစ်ခန္ဓာကိုယ်လုံး တုန်နီပနာ ပါးစပ်ထဲကလည်း အမြှုပ်တိ ထွက်လာတတ်ပါရေ။ ယင်းမကောင်းဆိုးဝါးဟာ သူ့ကို ကောင်းနာကျင်စီပြီးကေ သူ့ပါးက ထွက်လားရေလို့တောင် ကောင်းမဟိပါ။


ယင်းအချေလာနီတုံးမှာ မကောင်းဆိုးဝါးဟာ သူ့ကို မြီပြင်မာ လှဲချလိုက်ပြီးကေ တစ်ကိုယ်လုံးတုန်လှုပ်စီရေ။ ယေတာလဲ ကိုယ်တော်ဟာ မကောင်းဆိုးဝါးကို ဆုံးမပနာ အချေပါးကထွက်လားဖို့ အမိန့်ပီးလိုက်တေ။ ယပြီးကေ ကိုယ်တော်ဟာ အချေကိုကျန်းမာစီပြီးကေ သူ့အဖပါးကို ပြန်အပ်လိုက်တေ။


Lean sinn:

Sanasan


Sanasan