Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 8:24 - Southern Rakhine

24 ယေခါ တပည့်တော်တိဟာ ကိုယ်တော်ပါးကိုလားပနာ ကိုယ်တော်ကို နှိုးလိုက်ကတ်ပြီး‌ကေ “ဆရာ၊ ဆရာ၊ ကျွန်နော်ရို့ သီကတ်ဖို့ပါယာ” လို့လျှောက်တင်ကတ်တေ။ ကိုယ်တော်ဟာ ထလာပနာ လီပြင်းမုန်တိုင်းနဲ့လှိုင်းလုံးကြီးတိကို အမိန့်ပီးလိုက်တေအခါ လီပြင်းမုန်တိုင်းဟာ ချက်ချင်းရပ်လားပြီးကေ အားလုံးငြိမ်ကျလားခရေ။

Faic an caibideil Dèan lethbhreac




Luke 8:24
19 Iomraidhean Croise  

ယေခါ ကိုယ်တော်က မကောင်းဆိုးဝါးကို “တိန်းလို့နီ၊ သူ့ပါးက ထွက်လား” လို့အမိန့်ပီးလိုက်တေ။ ယပြီးဟာနဲ့ မကောင်းဆိုးဝါးဟာ ယင်းလူကို လူတိအလယ်မာ မြီကြီးထက်ကို လှဲချလိုက်ပနာ သူ့ကို မနာမကြင်စီဘဲနဲ့ ထွက်လားခရေ။


ယင်းကြောင့် ကိုယ်တော်ဟာ ယင်းမမါ့နားကိုလားပနာ အဖျားရောဂါကို ပျောက်ကင်းစီဖို့အတွက် အမိန့်ပီးတော်မူရေ။ ယင်းမမါ့ဟာ အဖျားရောဂါပျောက်ကင်းလားပြီးကေ ချက်ချင်းထလို့ သူရို့ကို အစားအသောက်တိ ပြင်ဆင်ပီးခရေ။


ရှိမုန်ကလည်း “ဆရာ၊ ကျနော်ရို့ တညဉ့်လုံး ပင်ပင်ပန်းပန်းကြိုးစားပြီးကေ ငါးဖမ်းခတာလဲ ကျွန်တော်ရို့ ငါးတစ်ကောင်လဲမရခပါ။ ယေတာလဲ ဆရာက လုပ်ခိုင်းတဲ့အတွက်ကြောင့် ပိုက်ကို ထပ်လို့ချလိုက်ပါမေ” လို့ဖြေလိုက်တေ။


ယပြီးကေ ကိုယ်တော်က တပည့်တော်တိကို “မတ်ရို့ရဲ့ယုံကြည်မှုက အဇာမာရောင်” လို့မိန့်တော်မူလိုက်တေ။ ယကေလဲ သူရို့ဟာ အံ့ဩတုန်လှုပ်ပနာ “ဒေလူဟာ အသူရောင်။ လှိုင်းနဲ့လီကို အမိန့်ပီးလိုက်တဲ့အခါ လှိုင်းနဲ့လီကတောင် သူ့ရဲ့အမိန့်ကို နာခံကတ်တေကား” လို့အချင်းချင်း ပြောနီကတ်တေ။


Lean sinn:

Sanasan


Sanasan