43 ရှိမုန်က “ပေသာအများကြီးချေးထားရေလူက ပိုလို့ကျေးဇူးတင်လိမ့်မေလို့ ငါထင်ရေ” ဆိုပနာ ပြန်လျှောက်လိုက်တေ။ ကိုယ်တော်က “သင်ထင်ဟာ မှန်ရေ” လို့မိန့်တော်မူလိုက်တေ။
ယပြီးကေ ကိုယ်တော်ဟာ တပည့်တော်တိနဲ့အတူ ခရီးလားနီကတ်တုံးမာ ရွာတစ်ရွာကို ရောက်လားခရေ။ ယင်းရွာမာ မာသလို့ခေါ်ရေ မမါ့တစ်ယောက်ဟာ ကိုယ်တော်နဲ့ သူ့တပည့်တော်တိကို သူမအိမ်ကို ပင့်ဖိတ်ခရေ။
သူရို့ဟာ အကြွီးရှင်ကို ပြန်မဆပ်နိုင်ကတ်ယာဖြိုက်ဟာကြောင့် အကြွီးရှင်က သူရို့ နှစ်ယောက်စလုံးရဲ့အကြွီးတိကို ပြန်ပီးစရာမလိုယာလို့ ပြောလိုက်တေဆိုကေ အသူက အကြွီးရှင်ကို ပိုလို့ကျေးဇူးတင်ဖို့ရောင်” လို့မီးလိုက်တေ။
ယပြီးကေ ကိုယ်တော်က ယင်းမမါ့ဘက်ကို ပြန်လှည့်ကြည့်လိုက်ပနာ ရှိမုန်ကို “ဒေမမါ့ကို မြင်လား။ အသင့်အိမ်ကို ငါကြွလာရေအခါ အသင်ဟာ ငါ့ခြီထောက်ကိုဆီးဖို့ ရီမပီးခတာလဲ သူမက ငါ့ခြီထောက်ကို သူ့မျက်ရည်တိနဲ့ ဆီးပီးခပနာ သူ့ဆံပင်တိနဲ့ သုတ်ပီးခရေ။
ယင်းဟာကြောင့် အသင့်ကိုငါပြောချင်ဟာက ဒေမမါ့ရဲ့ အပြစ်တိ အများကြီးကို ခွင့်လွှတ်ခံရဟာက သူမရဲ့ ချိုက်ခြင်းမေတ္တာတရားကြီးမားဟာကို ပြသနီဟာဖြိုက်ကြောင့်တေ။ ယကေလဲ အနည်းချေရာ ခွင့်လွှတ်ခံရရေလူဟာ ချိုက်ခြင်းမေတ္တာအနည်းချေကိုရာ ပြရေ” လို့မိန့်တော်မူခရေ။