30 ဖာရိရှဲတိနဲ့ သူရို့ထဲကကျမ်းတတ်ဆရာတိက ကိုယ်တော်ရဲ့တပည့်တော်တိကို “အသင်ရို့ဟာ ဒေအခွန်ကောက်တိ၊ အပြစ်ဒုစရိုက်သားတိနဲ့တတူ အဇာဖြိုက်လို့ စားသောက်နီကတ်ရောင်” လို့ဝေဖန်ပြောဆိုကတ်တေ။
ဖာရိရှဲဟာ တစ်ယောက်တည်း မတ်တပ်ရပ်ပနာ ‘အို ဘုရားရှင်၊ တပည့်တော်ဟာ အရာလူတိပိုင်မျိုး လုယူတတ်တဲ့လူ၊ မရိုးမသားလုပ်တဲ့လူ၊ အိမ်ထောင်ရေး ဖောက်ပြန်တဲ့လူလည်းမဟုတ်တဲ့အပြင် ဟိုနားကအခွန်ကောက်တေလူပိုင်မျိုး မဟုတ်တဲ့အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါရေ။
ယင်းအဖြိုက်ပျက်တိကို မြင်ရေလူတိက “ကိုယ်တော်ဟာ အပြစ်ဒုစရိုက်သမားအိမ်ကို တည်းဖို့လားခရာ” လို့အပြစ်တင်ဝေဖန်ကတ်တေ။
တစ်ရက်နိန့်ခါ ကိုယ်တော်ယေရှု ဟောပြောသွန်သင်နီတုန်း ဂါလိလဲပြည်နဲ့ယုဒပြည်မာဟိရေရွာတိနဲ့ ဂျေရုဆလင်မြို့ကနီ လာကတ်တဲ့ ဖာရိရှဲdတချို့နဲ့ ကျမ်းတတ်ဆရာတချို့ဟာလည်း ယင်းနီရာနားမာ ထိုင်လို့ဟိကတ်တေ။ ဘုရားရှင်ဟာ လူတိရဲ့အနာရောဂါတိကို ပျောက်ကင်းစီဖို့အတွက် ကိုယ်တော်ယေရှုပါးမာ တန်ခိုးတော်ကို ပီးထားတော်မူခရေ။
ယေခါ ဖာရိရှဲတိနဲ့ကျမ်းတတ်ဆရာတိက “ဘုရားရှင်ကို စော်ကားပြောနီရေ ဒေလူဟာ အသူရောင်။ ဘုရားရှင်ကလွဲလို့ တစ်ယောက်ကလဲ အပြစ်တိကို ခွင့်လွှတ်ပီးဟာတိ မလုပ်နိုင်” လို့တွေးနီကတ်တေ။
ယင်းပိုင်မျိုး လူ့သားတော်က စားသောက်နီပြန်ကေဖြိုက်ဖြိုက်၊ လားလာနီကေဖြိုက်ဖြိုက် အသင်ရို့က ‘ဒေလူကို ကြည့်ပါ။ သူဟာ အစားမက်ရေလူဖြိုက်ပနာ အခွန်ကောက်တေလူတိ၊ အပြစ်ဒုစရိုက်သားတိနဲ့ အပေါင်းအသင်းဖွဲ့ပနာ စားသောက်နီရေ’ လို့ပြောကတ်တေ။
ယေခါ ကိုယ်တော်ကို ဖိတ်ထားရေ ဖာရိရှဲမြင်ရေအခါ “ဒေလူဟာ ပရောဖက်မှန်ရေဆိုကေ သူ့ကို လာထိရေမမါ့ဟာ ပဇောင်ပိုင်မမါ့မျိုး ဖြိုက်တေဆိုဟာကို သိသင့်ရေ။ အဇာဖြိုက်လို့ဆိုကေ ယင်းမမါ့ဟာ အပြစ်ဒုစရိုက်များတဲ့မမါ့ ဖြိုက်တေ” လို့စိတ်ထဲမာ စိုင်းစားနီခရေ။