39 သူမမှာ မာရိလို့ခေါ်ရေ ညီမတစ်ယောက်ဟိရေ။ မာရိဟာ ကိုယ်တော်ရဲ့ခြီရင်းနားမာထိုင်ပနာ တရားနာနီရေ။
အမှန်လိုအပ်ရေအရာဟာ တစ်ခုရာဟိရေ။ မာရိဟာ ယင်းအရာကို ရွီးချယ်ထားပြီးယာကြောင့် ယင်းဟာကို သူမပါးက ဖယ်ပလိုက်လို့ မရယာ” လို့မိန့်တော်မူလိုက်တေ။
သုံးရက်ကြာရေအခါ သူရို့ဟာ အချေယေရှုကို ဗိမာန်တော်ဝင်းထဲမာ ဂျူးဘာသာရေးဆရာတိကြားမာ ထိုင်နီဟာကို တွိ့ရေ။ သူဟာ သူရို့ပြောဆိုချက်တိကို နားထောင်ပနာ သူရို့ကို မီးခွန်းတိပြန်မီးနီခရေ။
လူတိဟာ ယင်းအဖြိုက်အပျက်တိကို ကြည့်ဖို့အတွက် မြို့ထဲက ထွက်လာကတ်တေ။ သူရို့ဟာ ကိုယ်တော်ပါးကိုရောက်တေအခါ မကောင်းဆိုးဝါးဝင်ပူးခံရဟာက လွတ်လားရေလူဟာ အဝတ်တိဝတ်ပနာ ကိုယ်တော်ရဲ့ခြီတော်ရင်းမာ အကောင်းအတိုင်း ထိုင်လို့ဟိနီဟာကို မြင်ကတ်တေအခါ ကြောက်လန့်လားကတ်တေ။