38 ယပြီးကေ ကိုယ်တော်ဟာ တပည့်တော်တိနဲ့အတူ ခရီးလားနီကတ်တုံးမာ ရွာတစ်ရွာကို ရောက်လားခရေ။ ယင်းရွာမာ မာသလို့ခေါ်ရေ မမါ့တစ်ယောက်ဟာ ကိုယ်တော်နဲ့ သူ့တပည့်တော်တိကို သူမအိမ်ကို ပင့်ဖိတ်ခရေ။
ယေခါ ကျမ်းတတ်ဆရာက “သူ့ကို သနားကြင်နာပနာ ကူညီပီးရေလူဖြိုက်ပါရေ” လို့ဖြေရေခါ ကိုယ်တော်က “မတ်လည်းလားပြီးကေ လူတိကို ယင်းပိုင်အတိုင်း လုပ်ပီးပါ” လို့မိန့်တော်မူလိုက်တေ။
ယေတာလဲ မာသကကျကေ အာဂန္တုတိကို ဧည့်ခံဖို့အတွက် အလုပ်များလို့ဟိနီခရေ။ အဆုံးမာ မာသဟာ ကိုယ်တော့်အနားကိုလာပနာ “အရှင်၊ အကျွန့်ရဲ့ညီမက အိမ်မှုကိစ္စတိအားလုံးကို အကျွန်တစ်ယောက်တည်းလုပ်ရအောင်လို့ ပစ်ထားဟာက မမှန်ကန်ပါ။ ယင်းကြောင့် အကျွန့်ကို ကူညီဖို့ သူမကို အမိန့်ပီးတော်မူပါ” လို့လျှောက်လိုက်တေ။
ယင်းခါ ကိုယ်တော်က “မာသ၊ မာသ အသင်ဟာ အရာရာကိုစိုးရိမ်စိတ်နဲ့ ပူပန်နီရေ။