3 ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်သောအသံဖြင့် ကြွေးကြော်၏။ ယင်းသို့ ကြွေးကြော်လိုက်သောအခါ မိုးကြိုးခြိမ်းသံခုနစ်ချက် မြည်လေ၏။
ကောင်းကင်မှ သမုဒ္ဒရာဟုန်းသံနှင့် မိုးကြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ထိုအသံသည် စောင်းသမားရို့တီးသည့် စောင်းသံနှင့်တူ၏။
ထို့နောက် ငါသည် ကောင်းကင်တွင် အံ့သြဖွယ်ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကို မြင်ရပြန်၏။ ထိုအတိတ်နိမိတ်ကား ကပ်ဘေးခုနစ်ပါးကို ယူဆောင်လာသော ကောင်းကင်တမန် ခုနစ်ပါးဖြစ်၏။ ထိုကပ်ရောဂါများသည် ဘုရားသခင်၏ အမျက်တော်ကို အဆုံးသတ် အကောင်အထည် ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျရောက်လာမည့် ကပ်ဘေးများဖြစ်ပေ၏။
ထို့နောက် သက်ဟိသတ္တဝါ လေးပါးအနက် တစ်ပါးသည် ကာလအစဉ်အမြဲ အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက်တော်ပြည့်လျက်ဟိသည့် ရွှီဖလားခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးရို့အား ပီးလေ၏။
ပလ္လင်တော်ထဲမှ လျှပ်စစ်လက်သည့် အရောင်များ၊ မြည်ဟီးသော အသံများနှင့် မိုးကြိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ပလ္လင်တော်၏ ရှိ့တွင် ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးတိုင်ခုနစ်တိုင်သည် ထွန်းလင်းလျက် ဟိ၏။
ထို့နောက် ကောင်းကင်တမန်သည် နံ့သာပေါင်းကို ထည့်ပူဇော်သည့် ရွှီခွက်ကို ယူပြီးလျှင် ယဇ်ပလ္လင်မှ မီးကိုထည့်၍ မြီကြီးထက်သို့ ပစ်ချလိုက်၏။ ထိုအခါ မိုးခြိမ်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက်ခြင်း၊ မြီငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လာလေ၏။