Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဗျာဒိတ်တော် 1:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။

Faic an caibideil Dèan lethbhreac




ဗျာဒိတ်တော် 1:8
29 Iomraidhean Croise  

ငါသည် သင်ရို့၏ အဖဖြစ်မည်။ သင်ရို့သည်လည်း ငါ့သားသမီးတိ ဖြစ်ကြလိမ့်မည်ဟု၊ အနန္တတန်ခိုးသျှင် ဘုရားသခင် မိန့်တော်မူ၏” ဟု မြွက်ဆိုတော်မူ၏။


ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။


ထိုသူကို တွိ့သောအခါ ငါသည် သူ၏ခြီတော်ရင်း၌ လဲကျလားပြီး လူသီကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် ငါ့အထက်၌ လက်ယာလက်တော်ကို တင်တော်မူပြီးလျှင် “မကြောက်ကေ့၊ ငါသည် အစနှင့် အဆုံးဖြစ်၏။


ငါ ယောဟန်ပါးမှ၊ အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊


“အတိတ်၊ ပစ္စုပ္ပန်ကာလရို့၌ ဟိတော်မူသော အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော အသျှင်ဘုရားသခင်၊ ကိုယ်တော်သည် မိမိ၏ မဟာတန်ခိုးတော်ကို ယူဆောင်တော်မူလျက် လောကကို စတင်အုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။


သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။


သူရို့သည် နိမိတ်လက္ခဏာများကို ပြနိုင်သော နတ်မိစ္ဆာများ၏ ဝိညာဉ်များဖြစ်ကြ၏။ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ နိ့ရက်ကြီး၌ စစ်ပွဲဝင်ရန် တစ်လောကလုံးတွင်ဟိသော သျှင်ဘုရင်တိကို စုရုံးခြင်းငှာ သူရို့သည် ထွက်လားကြ၏။


ထို့နောက် ယဇ်ပလ္လင်မှ အသံတော်သည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော် စီရင်တော်မူချက်ရို့သည် မှန်ကန်၍ တရားမျှတပါ၏” ဟု လျှောက်ထားသည်ကို ငါကြားရ၏။


လူအမျိုးမျိုးရို့ကို နှိမ်နင်းရန်အတွက် ကိုယ်တော်၏ ခံတွင်းမှ ထက်သောသန်လျက် ထွက်တော်မူ၏။ ကိုယ်တော်သည် ထိုသူရို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည်အနန္တတန်ခိုးသျှင် ဘုရားသခင်၏ ပြင်းစွာသော အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။


ထို့နောက် လူပရိသတ်ကြီး၏ အသံကဲ့သို့ လည်းကောင်း၊ အဟုန်ဖြင့် စီးသောရီသံကဲ့သို့ လည်းကောင်း၊ မိုးခြိမ်းသံကဲ့သို့ လည်းကောင်း ထွက်ပေါ်လာသော အသံကို ငါကြားရ၏။ ထိုအသံကြီးက “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အနန္တတန်ခိုးသျှင် ငါရို့၏ဘုရားသခင်သည် အုပ်စိုးတော်မူယာ။


“စမုရနအသင်းတော်၏ ကောင်းကင်တမန်ပါးသို့ ဤသို့ စာရီး၍ ပီးလိုက်လော့။ “ဤသတင်းစကားသည် အစနှင့် အဆုံးဖြစ်သောသူ၊ သီပြီးမှ အသက်ပြန်၍ ရှင်လာသောသူ၏ထံမှ ဖြစ်၏။


ထိုမြို့တော်ထဲတွင် ဗိမာန်တော်ကို ငါမတွိ့ရ။ အကြောင်းမူကား ထိုမြို့၏ ဗိမာန်တော်သည် အနန္တတန်ခိုးသျှင် ဘုရားသခင်နှင့် သိုးသူငယ်တိပင် ဖြစ်သောကြောင့်တည်း။


ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။


ငါသည် အာလဖနှင့် သြမေဃဖြစ်ပြီး အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။


ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။


Lean sinn:

Sanasan


Sanasan