Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဖိလိပ္ပိ 1:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။

Faic an caibideil Dèan lethbhreac




ဖိလိပ္ပိ 1:9
19 Iomraidhean Croise  

ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် စဉ်းစားဆင်ခြင်မှု၌ အသျှေတိကဲ့သို့ မဖြစ်စီကတ်ကေ့။ ဆိုးညစ်သောအမှု၌ အသျှေတိကဲ့သို့ ဖြစ်ကြလော့။ သို့ရာတွင် သင်ရို့၏ စဉ်းစားဆင်ခြင်မှုတွင်ကား ရင့်ကျက်သောသူရို့ကဲ့သို့ ဖြစ်ကြလော့။


သင်ရို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်းနှင့် အသိပညာ၌လည်းကောင်း၊ ကူညီမစခြင်းတွင် စိတ်အားထက်သန်ခြင်းနှင့် လည်းကောင်း၊ ငါရို့၌ထားသော သင်ရို့၏ ချစ်ခြင်းမေတ္တာ သည် လည်းကောင်း အလွန် ကြွယ်ဝကြပေ၏။ သို့ဖြစ်၍ သင်ရို့၌ ထိုကျေးဇူးပြုခြင်း အမှုကိုလည်း ကြွယ်ဝခြင်းငှာ ငါရို့ အလိုဟိ၏။


ထို့ကြောင့် သင်ရို့သည် မိုက်မဲ၍ မနီကြဘဲ၊ သခင်ဘုရား၏အလိုတော်ကို ကြိုးစား၍ ရှာကြလော့။


ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။


ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။


သင်ရို့၌ ငါရို့၏ချစ်ခြင်းမေတ္တာသည် ကြီးမားလာသကဲ့သို့ သင်ရို့အချင်းချင်း၌ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ လူအပေါင်းရို့၌ သင်ရို့ထားသော ချစ်ခြင်းမေတ္တာသည် လည်းကောင်း သာ၍ တိုးပွါးလာမည့်အကြောင်း သင်ရို့အား သခင်ဘုရား မစတော်မူပါစီသောဝ်။


နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။


ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ငါရို့ခံစားရသည့် ကောင်းကြီးမင်္ဂလာအပေါင်းကို သာ၍နက်နဲစွာ သိနားလည်နိုင်ကြရန် ငါဆုတောင်း၏။


တစ်နည်းဆိုသော် ကြေခဲသောအစာသည် အရွယ်ရောက်ပြီးသော သူရို့အတွက်သာ ဖြစ်၏။ ထိုသူရို့သည် လေ့ကျင့် ထားပြီးဖြစ်သောကြောင့် အကောင်းအဆိုးကို ပိုင်းခြားသိမြင်နိုင်စွမ်း ဟိကြ၏။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။


Lean sinn:

Sanasan


Sanasan