30 ယခု သင်ရို့သည် ငါနှင့်အတူ တိုက်ပွဲကို ဝင်နိုင်ကြပြီ။ အယင်က ငါ တိုက်ခိုက်ခသည်ကို သင်ရို့တွိ့မြင်ခကြ၏။ သင်ရို့ ကြားသိသည့်အတိုင်း အဂုလည်း ငါသည် တိုက်ခိုက်လျက် နိန်သိမ့်၏။
သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
ငါသည် ခရစ်တော်၏ အစီခံဖြစ်သောကြောင့် အကျဉ်းခံရလျက် နိန်ရကြောင်းကို နန်းတော်အစောင့်တပ် တစ်တပ်လုံးနှင့် အခြားသောသူအပေါင်းရို့သည် သိဟိကြပေ၏။
ငါသည် ဤတာဝန်လုပ်ငန်းကို ကြိုးစားလုပ်ဆောင်နိုင်ရန် ခရစ်တော်သည် ငါ့အထဲ၌ ကြီးမားသော တန်ခိုးစွမ်းရည်ကို ထည့်ပီးတော်မူ၏။ ထိုတန်ခိုးစွမ်းရည်သည် ငါ့အထဲ၌ လုပ်ဆောင်လျက် ဟိ၏။
ငါသည် သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့သားတိနှင့် ငါ့ကို မတွိ့ဖူးကြသော တခြားလူတိအတွက် လည်းကောင်း ဇာလောက်ထိ ကြိုးစားလုပ်ဆောင်ခသည်ကို သင်ရို့အား သိစီလို၏။
ငါရို့သည် သင်ရို့ဟိရာ သက်သာလောနိတ်မြို့သို့ မလာခင် ဖိလိပ္ပိမြို့တွင် ကဲ့ရဲ့ပြောဆိုမှုနှင့် နှိပ်စက်မှုတိကို ခံခရကြောင်း သင်ရို့သိကြ၏။ ထိုသို့ ဆန့်ကျင်ခြင်းကို ခံရသော်လည်း သတင်းကောင်းကို သင်ရို့အား ဟောပြောရန် ဘုရားသခင်သည် ငါရို့ကို ရဲ့ရင့်စီတော်မူ၏။
ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။
ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။
ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကို လည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကို လည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။
သင်ရို့သည် အပြစ်တရားကို ဆန့်ကျင်တွန်းလှန်ကြရာ၌ သွီးမြီကျသည့်တိုင်အောင် မခံကြရသိမ့်။
ထိုသူရို့သည် သိုးသူငယ်တော်၏ အသွီးအားဖြင့် လည်းကောင်း၊ မိမိရို့ဟောပြောကြေညာသည့် နှုတ်ကပတ်တရားတော်အားဖြင့် လည်းကောင်း စာတန်မာရ်နတ်ကို အောင်မြင်ခကြ၏။ သူရို့သည် အသီခံသည့်တိုင်အောင် မိမိရို့အသက်ကို မနှမြိုးကြပေ။