Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ဖိလိပ္ပိ 1:23 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

23 ငါ၌ စိတ်နှစ်ခွဖြစ်လျက်နိန်ပေ၏။ ငါသည် ဤဘဝကို စွန့်၍ ခရစ်တော်နှင့်အတူ နိန်လိုပါ၏။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါ့အဖို့ သာ၍ အကျိုးဟိ၏။

Faic an caibideil Dèan lethbhreac




ဖိလိပ္ပိ 1:23
24 Iomraidhean Croise  

ငါခံရမည့် ဗတ္တိဇံတစ်ပါးဟိ၏။ ထိုအမှုကို မဆောင်ရွက်မချင်း ငါသည် စိတ်ဒုက္ခရောက်ရ၏။


ယေသျှုက “ဤနိ့ပင် သင်သည် ငါနန့်အတူ ပရဒိသုဘုံ၌ ဟိလိမ့်မည်ဟု ငါ ကတိပီး၏” ဟု မိန့်တော်မူ၏။


နတ်ဆိုး ထွက်လားသောသူသည် ယေသျှုအား “ကိုယ်တော်နှင့်အတူ လိုက်ခွင့်ပြုပါ” ဟု တောင်းပန်၏။ သို့သော် ယေသျှုက၊


ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။


အဂုအခါကား ပသခါပွဲတော်မတိုင်ခင် တစ်ရက်ဖြစ်၏။ ယေသျှုသည် ဤလောကမှ ထွက်ခွါ၍ ခမည်းတော်ထံပါးသို့ ကြွတော်မူရမည့် အချိန်ကို သိတော်မူ၏။ ကိုယ်တော်သည် ဤလောက၌ဟိသော မိမိလူတိကို အစဉ်အမြဲ ချစ်သောကြောင့် အဆုံးတိုင်အောင် သူရို့ကို ချစ်တော်မူ၏။


ငါလားပြီးလျှင် သင်ရို့အတွက် နီရာကို ပျင်ဆင်ပြီးမှ ငါသည် ပြန်လာ၍ ငါဟိသည့်အရပ်၌ သင်ရို့ ဟိကြစီရန်အတွက် သင်ရို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


ဤသို့ သူ့ကိုကျောက်သီးနှင့် ပစ်နိန်ကြစဉ် သတေဖန်က “အို၊ အသျှင်ယေသျှု၊ အကျွန့်ဝိညာဉ်ကို ရုပ်သိမ်းတော်မူပါ” ဟု သခင်ဘုရားကို ဆုတောင်းလေ၏။


ငါရို့သည် ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပြီးလျှင် ဤခန္ဓာအိမ်ကို စွန့်ခွါ၍ သခင်ဘုရားနှင့်အတူ အိမ်တော်၌ နီထိုင်ရန် ပို၍ အလိုဟိကြ၏။


ငါရို့သည် သင်ရို့အဖို့ ငါရို့၏ စိတ်နှလုံးကို ပိတ်၍ မထား။ သင်ရို့သာလျှင် ငါရို့အဖို့ သင်ရို့၏ စိတ်နှလုံးကို ပိတ်ထားကြ၏။


သို့သော် သင်ရို့၏အကျိုးကို ထောက်၍ ငါသည် အသက်ရှင်လျက် နိန်ခြင်းငှာ ပို၍ အရေးကြီး၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ပါးသို့ ငါရို့ရောက်လာခြင်းသည် အချည်းနှီးမဖြစ်ကြောင်းကို သင်ရို့ကိုယ်တိုင် သိကြ၏။


ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။


ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။


ငါအတွက်မူကား၊ မိမိအသက်ကို ပူဇော်ဆက်ကပ်ရမည့် အချိန်တည်းဟူသော ဤဘဝမှ စွန့်ခွာရမည့် အချိန်သည် ရောက်လာလေပြီ။


တဖန် “ရီးမှတ်ထားလော့။ ယခုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan