ဖိလိပ္ပိ 1:15 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား15 အချို့သောသူရို့သည် မနာလိုသောစိတ်၊ ရန်တွိ့ချင်သောစိတ်ကြောင့် ခရစ်တော်အကြောင်းကို ဟောပြောကြသော်လည်း အချို့သောသူရို့မူကား စေတနာစိတ်နှင့် ဟောပြောကြ၏။ Faic an caibideil |
သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကို လည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကို လည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။
ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။