ဖိလိပ္ပိ 1:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 ခရစ်တော်ယေသျှု၏ အခိုင်းအစီများဖြစ်သည့် ပေါလုနှင့် တိမောသေရို့ထံမှ — ဖိလိပ္ပိမြို့တွင် နီထိုင်ကြသော သင်းအုပ်များနှင့် သင်းထောက်လူကြီးများမှစ၍ ခရစ်တော်ယေသျှုနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြသော သခင်ဘုရား၏ သန့်ယှင်းသူအပေါင်းရို့ထံသို့ စာရီးလိုက်ပါ၏။ Faic an caibideil |
ယေသျှုခရစ်၏ တမန်တော်တစ်ယောက် ဖြစ်သည့်အပြင် ဘုရားသခင်၏ အစီခံတစ်ယောက်ဖြစ်သော ငါ ပေါလုထံမှ စာရီးလိုက်ပါ၏။ ဘုရားသခင် ရွီးချယ်ထားသော သူရို့၏ယုံကြည်ခြင်းကို ပြုစုခြင်းငှာ လည်းကောင်း၊ ဘုရားဝတ်၌ မွိ့ပျော်ခြင်းကို ဖြစ်စီတတ်သော သမ္မာတရားကို သိစီခြင်းငှာ လည်းကောင်း ဘုရားသခင်သည် ငါ့အား ရွီးချယ်၍ စီရွှတ်လိုက်ခြင်းဖြစ်၏။
ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။
ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။