ဧဖက် 1:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား4 ခရစ်တော်အားဖြင့် ငါရို့သည် ကိုယ်တော်၏ ရှိ့တော်၌ အပြစ်ဆိုဖွယ်မဟိဘဲ သန့်ယှင်းသောသူများ ဖြစ်နိုင်စီခြင်းငှာ ကမ္ဘာမတည်ခင်ကပင် ဘုရားသခင်သည် ငါရို့အား ရွီးချယ်ထားတော်မူ၏။ အကြောင်းမူကား မိမိမေတ္တာတော်ကြောင့်၊ Faic an caibideil |
ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။
သင်ရို့မူကား ရွီးကောက်ခံရသောအမျိုး၊ တော်ဝင် ယဇ်ပုရောဟိတ်အမျိုး၊ သန့်ယှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်တော်မူသော လူမျိုးတော် ဖြစ်ကြ၏။ ထိုသို့ ရွီးကောက်ခြင်း ခံရသည်မှာ ဘုရားသခင် ပြုတော်မူသော အံ့ဩဖွယ် အမှုအရာများကို ကြေညာနိုင်စီခြင်းငှာ၊ ဘုရားသခင်သည် သင်ရို့အား မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းထဲသို့ ခေါ်ယူတော်မူခြင်းဖြစ်၏။
သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း ယခု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ ယခု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။