Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 4:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 သို့ရာတွင် သင်သည် အရာရာ၌ သမ္မာသတိဟိလော့။ ဆင်းရဲဒုက္ခ၌ သည်းခံလော့။ သတင်းကောင်းတရား ဟောပြောခြင်း အမှုကို ဆောင်ရွက်လော့။ ဘုရားသခင်၏ အစီခံတစ်ယောက်အဖြစ်ဖြင့် မိမိ၏တာဝန်အားလုံးကို ဆောင်ရွက်လော့။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 4:5
28 Iomraidhean Croise  

ရွှီဒင်္ဂါး ၅,၀၀၀ ရသောသူသည် ချက်ချင်း ထွက်လား၍ မိမိ၏ဥစ္စာကို အရင်းအနှီးလုပ်သဖြင့် ၅,၀၀၀ ထက်ပိုသော ရွှီဒင်္ဂါးများကို ရ၏။


ဥပမာကား၊ လူတစ်ယောက်သည် မိမိအိမ်မှ အခြားသောအရပ်သို့ ခရီးလားသောအခါ မိမိအိမ်ကို အခိုင်းအစီရို့လက်သို့ အပ်ထားခ၏။ သူရို့အား၊ ကိုယ်စီလုပ်ဆောင်ရန် လုပ်ငန်းတာဝန်များကို ပီးအပ်ခပြီး၊ တန်းခါးစောင့်ကိုလည်း သတိနှင့်စောင့်နိန်ဖို့ မှာထားခ၏။


သင်ရို့ သတိဖြင့် စောင့်နိန်ကြလော့ဟု ငါ ဆိုသည်အတိုင်း ခပ်သိမ်းသော သူရို့ကိုလည်း ငါ သတိပီး၏။ ယင်းကြောင့် သတိဖြင့် စောင့်နိန်ကြလော့” ဟု မိန့်တော်မူ၏။


ထိုအခိုင်းအစီတိ စောင့်မျှော်နိန်ကြသည်ကို သခင်ပြန်ရောက်ချိန်၌ တွိ့ရလျှင် ယင်းအခိုင်းအစီရို့သည် မင်္ဂလာဟိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းကိုစည်းပြီးလျှင် အခိုင်းအစီတိကို စားပွဲ၌ ထိုင်ခိုင်းစီပြီး ကျွေးမွေးလိမ့်မည်။


နောက်တစ်နိ့၌ ငါရို့သည် ထိုမြို့မှ ထွက်ခွာလျှင် ကဲသရိမြို့သို့ ရောက်ကြ၏။ ငါရို့သည် ထိုမြို့တွင် ဧဝံဂေလိဆရာ ဖိလိပ္ပု၏အိမ်၌ တည်းခိုကြ၏။ ထိုဖိလိပ္ပုမူကား၊ ယေရုဆလင် အသင်းတော်မှ ရွီးချယ်ထားသော ဆရာခုနစ်ပါးထဲမှ တစ်ပါးအပါအဝင်ဖြစ်၏။


ဘုရားသခင်၏ဝိညာဉ်တော် တန်ခိုးအားဖြင့် အံ့ဩဖွယ်သောအရာများနှင့် နိမိတ်လက္ခဏာ တန်ခိုးတိကို ပြ၍ လည်းကောင်း ပြုတော်မူ၏။ ထိုသို့ ပြုတော်မူသောအားဖြင့် ငါသည် ယေရုဆလင်မြို့မှ ဣလုရိတ်ပြည်ထိ ခရီးလမ်းတစ်လျှောက်လုံး၌ ခရစ်တော်၏သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောခပြီးဖြစ်၏။


“ဆုကျေးဇူးများကို ချပီးတော်မူသော” သူသည် ကိုယ်တော်ပင်ဖြစ်၏။ ကိုယ်တော်သည် လူတချို့ကို တမန်တော်အရာ၌ လည်းကောင်း၊ တချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ တချို့ကို ဧဝံဂေလိဆရာ အရာ၌လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် သင်ကြားပီးသောဆရာ အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။


ဤသို့ ကိုယ်တော်ပြုတော်မူခြင်းမှာ ခရစ်တော်၏ ကိုယ်ခန္ဓာတော်ကို တည်ဆောက်စီရန်နှင့် အမှုတော်ဆောင်ရွက်ခြင်းငှာ ဘုရားသခင်၏လူတိကို အသင့်ပျင်ဆင်ပီးရန် ဖြစ်၏။


သင်ရို့၏ အကျိုးအတွက် ဘုရားသခင်သည် ငါ့အား အသင်းတော်၏ အမှုတော်ဆောင်အဖြစ် ခန့်ထားတော်မူ၏။ ငါ့အား ပီးအပ်တော်မူသော တာဝန်မှာ ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောရန်ဖြစ်၏။


ပြီးလျှင် “သခင်ဘုရား ပီးအပ်ထားသော အမှုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုအား ပြောပြကြလော့။


သို့ဖြစ်၍ ငါရို့သည် အခြားသူတိကဲ့သို့ အိပ်ပျော်လျက်မနိန်ကြဘဲ၊ သမ္မာသတိဖြင့် နိုးကြားလျက် နိန်ကြရမည်။


သင်သည် အသက်ငယ်ရွယ်သူ ဖြစ်သော်လည်း မည်သူမျှ သင့်ကို အထင်မသေးစီကေ့။ သင်၏ ပြောဆိုခြင်းသည်လည်းကောင်း၊ အပြုအမူသည် လည်းကောင်း၊ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ ယုံကြည်ခြင်းသည် လည်းကောင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းသည် လည်းကောင်း၊ ယုံကြည်သူရို့အတွက် စံနမူနာ ဖြစ်စီလော့။


လူအပေါင်းရို့က သင်၏တိုးတက်မှုကို တွိ့မြင်ကြစီရန် မိမိကိုယ်ကို ထိုအရာများ၌ ဆက်ကပ်အပ်နှံ၍ ဤတာဝန်များကို လုံ့လစိုက်လော့။


ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။


ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။


ယေသျှုခရစ်၏ သစ္စာဟိသော စစ်သူရဲကောင်းတစ်ယောက် အဖြစ်ဖြင့် ဆင်းရဲဒုက္ခထဲ၌ ငါနှင့်အတူ ကြံ့ကြံ့ခံလော့။


သို့သော်လည်း တခြားလူမျိုးတိ အားလုံး သတင်းကောင်းတရားကို ကြားနာခြင်းအတွက် ထိုတရားကို အကုန်အစင်ဟောပြော စီခြင်းငှာ သခင်ဘုရားသည် ငါ့ဖက်၌ ဟိတော်မူ၍ ငါ့အား အစွမ်းသတ္တိကို ပီးတော်မူ၏။ ထိုမျှမက သီမင်း၏ခံတွင်းထဲက ငါ့ကို ကယ်တင်တော်မူ၏။


သင်ရို့ ခေါင်းဆောင်တိ၏စကားကို နာခံ၍ သူရို့၏ မိန့်မှာချက်များကို လိုက်လျှောက်ကြလော့။ အကြောင်းမူကား မိမိရို့၏ မှတ်တမ်းများကို တင်ပြပီးရမည့် သူရို့ကဲ့သို့ သူရို့သည် သင်ရို့အား မျက်ခြီမပြတ် စောင့်ကြည့်နိန်ကြသောကြောင့်ဖြစ်၏။ သင်ရို့သည် ထိုခေါင်းဆောင်ရို့၏စကားကို နာခံကြလျှင် သူရို့သည်လည်း မိမိရို့ အလုပ်ကို ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သူရို့သည် စိတ်မကောင်းစွာဖြင့် လုပ်ဆောင်ကြလျှင် သင်ရို့အတွက် အကျိုးဟိလိမ့်မည် မဟုတ်ပေ။


ထို့ကြောင့် သင်ရို့၏ စိတ်နှလုံးကို အသင့်ပျင်ဆင်၍ သမ္မာသတိ ဟိကြလော့။ ယေသျှုခရစ် ပေါ်ထွန်းတော်မူသောအခါ သင်ရို့ခံစားရမည့် ကျေးဇူးတော်ကို လုံးဝ မျှော်လင့်ကြလော့။


သို့ဖြစ်၍ နိုးထလော့။ သင်၏ အသက်မချုပ်ငြိမ်းသိမ့်ခင် ကျန်ဟိနိန်သိမ့်သောအရာကို ပြုစုလော့။ သင်၏အပြုအမူသည် ငါ၏ဘုရားသခင်ရှိ့တော်၌ ပြည့်စုံခြင်း မဟိသိမ့်သည်ကို ငါတွိ့ရ၏။


Lean sinn:

Sanasan


Sanasan