Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 3:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 ထိုသူရို့သည် ဘုရားဝတ်၌ မွိ့လျော်ယောင် ဆောင်ကြသော်လည်း ဘုရားသျှင်၏တန်ခိုးတော်ကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတိကို ယှောင်ယှားလော့။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 3:5
20 Iomraidhean Croise  

“မိစ္ဆာပရောဖက်တိကို သတိထားကတ်ပါ။ သူရို့သည် အတွင်း၌ ကြမ်းတမ်းသောမြီခွီး ဖြစ်သော်လည်း အပြင်ဖက်က သိုးကဲ့သို့ အယောင်ဆောင်၍ သင်ရို့ပါးကို လာကြလိမ့်မည်။


ထို့နောက် ငါရို့သည် ပရိယာယ်ဖြင့် လူရို့ကို လမ်းလွဲအောင် လိမ်လည်ပြောဆိုတတ်သော သူရို့၏ သြဝါဒမှိုင်းများအထဲ၌ လွင့်ပါလားသော အသျှေတိပိုင် ဖြစ်ရမည်မဟုတ်။


အကယ်၍ တစ်စုံတစ်ယောက်သည် ငါရို့ ပို့လိုက်သည့် ဤစာ၌ ပါဟိသည့် မှာကြားချက်များကို မလိုက်နာသော် ထိုသူအား အရှက်ရစီခြင်းငှာ သင်ရို့သည် ထိုသူကို မှတ်ထား၍ အပေါင်းအဖော် မလုပ်ကတ်ကေ့။


ညီအစ်ကိုမောင်နှရို့၊ ငါရို့ပီးခသော သွန်သင်ချက်များကို မလိုက်လျှောက်ဘဲ ပျင်းရိစွာ အသက်ရှင်နိန်ကြသော ယုံကြည်သူအားလုံးကို ယှောင်ယှားကြရန် ငါရို့အသျှင် ယေသျှုခရစ်တော်၏ နာမတော်၌ သင်ရို့ကို ငါရို့ မိန့်မှာလိုက်၏။


တန်ဖိုးမဟိ၊ ဘုရားမဲ့ တရားမဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီပြောဆိုခြင်းကို ယှောင်ကြဉ်လော့။ ဘုရားဝတ်၌ မွိ့လျော်တတ်ရန် မိမိကိုယ်ကို လေ့ကျင့်ပီးလော့။


ကာယနှင့်ဆိုင်သော လေ့ကျင့်မှုသည် အကျိုးကျေးဇူးအချို့ကို ပီးတတ်၏။ သို့ရာတွင် ဘုရားဝတ်၌ မွိ့လျော်ခြင်းငှာ လေ့ကျင့်မှုသည်ကား ယခုဘဝ၊ နောင်ဘဝအတွက် ကတိတော်ကို ရထားသည်ဖြစ်၍ အရာရာ၌ အကျိုးကျေးဇူးကို ပီးတတ်၏။


သို့ရာတွင် မိမိ၏ဆွီမျိုးသားချင်းများ၊ အထူးသဖြင့် မိမိ၏မိသားစုဝင်များကို မပြုစု၊ မထောက်ပံ့သောသူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သောသူ ဖြစ်၍ မယုံကြည်သောသူ တစ်ယောက်ထက်ပင် သာ၍ ဆိုးရွား၏။


စိတ်နှလုံး ယိုယွင်းပျက်စီး၍ သမ္မာတရားကင်းမဲ့ကာ ငြင်းခုံခြင်းသက်သက်ကိုသာ ဖြစ်ပွားစီတတ်၏။ သူရို့က ဘုရားတရားရိုသီခြင်းသည် ငွီရပေါက်နည်းလမ်းတစ်ခုဟု ထင်မှတ်ကြ၏။


မထီမဲ့မြင်ပြုလျက် အကျိုးမဟိသော ဆွေးနွေးပြောဆိုခြင်းကို ယှောင်ယှားလော့၊ ထိုသို့ ပြောဆိုခြင်းများသည် လူတိကို ဘုရားသခင်နှင့် သာ၍ ဝီးကွာစီတတ်၏။


သို့ရာတွင် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုတိကို ယှောင်ယှားလော့။ အကြောင်းမူကား ထိုအရာများသည် ခိုက်ရန်ဖြစ်ပွားခြင်းကို ဖြစ်စီတတ်သည်ကို သင်သိပေ၏။


သူရို့သည် ဘုရားသခင်ကို သိသည်ဟု ဆိုကြသော်လည်း သူရို့၏အပြုအမူများအားဖြင့် ဘုရားသခင်ကို ငြင်းပယ်လျက်ဟိကြ၏။ ထိုသူရို့သည် ရွံစရာကောင်းသောသူ၊ နာခံခြင်း မဟိသောသူ၊ ကောင်းသောအမှု မှန်သမျှနှင့် မထိုက်တန်သောသူတိ ဖြစ်ကြ၏။


အချင်းချင်း ကွဲပြားမှု ဖြစ်စီသောသူရို့ကို တစ်ကြိမ်၊ နှစ်ကြိမ် သတိပီးပြီးလျှင် သူရို့နှင့် အပေါင်းအဖော် မလုပ်ကတ်ကေ့။


Lean sinn:

Sanasan


Sanasan