Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 3:4 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

4 သစ္စာဖောက်သောသူ၊ ဆင်ခြင်တုံတရားကင်းမဲ့သောသူ၊ မိမိကိုယ်ကို အထင်ကြီးသောသူများနှင့် ဘုရားဝတ်၌ မွိ့ပျော်ခြင်းထက် လောကီပျော်မွိ့ခြင်းကို သာ၍ နှစ်သက်သောသူတိ ပေါ်လာကြလိမ့်မည်။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 3:4
12 Iomraidhean Croise  

ဤအရာတိကို တစ်ယောက်မျှ မငြင်းနိုင်ရာ။ ထို့ကြောင့် သင်ရို့သည် တိတ်ဆိတ်စွာနီသင့်၏။ မဆင်ခြင်ဘဲ ဇာအမှုအရာကိုမျှ မပြုကေ့။


သင်ရို့အဖိုးအဖီးတိ နှိပ်စက်ခြင်းကို မခံရသော ပရောဖက်ဟူ၍ ဇာသူတစ်ယောက် ဟိခသနည်း။ သူရို့သည် ဘုရားသခင် ကြွလာမည့်အကြောင်းကို ကြိုတင်ဟောကြားမည့် ဖြောင့်မတ်သော အခိုင်းအစီတိကို အယင်ကပင်လျှင် အသီသတ်ခကြ၏။ အဂုလည်း သင်ရို့သည် ထိုအသျှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။


မှန်၏။ သို့ရာတွင် မယုံကြည်သောကြောင့် သူရို့သည် ချိုးဖဲ့ခြင်းကို ခံရကြပြီးလျှင် သင်သည် ယုံကြည်ခြင်းအားဖြင့် တည်၏။ မာနစိတ်မဝင်ကေ့။ ကြောက်စိတ်ဝင်လော့။


အကြောင်းမူကား ဤကဲ့သို့သော အရာများကို လုပ်ဆောင်လျက်ဟိသော သူရို့သည် ငါရို့၏အသျှင် ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်နိန်ကြသူများ မဟုတ်ဘဲ၊ မိမိရို့၏အလိုဆန္ဒ ပြည့်ဝစီခြင်းငှာ လုပ်ဆောင်နိန်ကြသော သူများသာ ဖြစ်ကြ၏။ သူရို့သည် ချိုသာသောစကား၊ မြှောက်ပင့်သောစကားဖြင့် ရိုးသားသောသူတိကို လှည့်စားတတ်ကြ၏။


မိမိကိုယ်ကို အထင်ကြီး၍ ပြစ်ဒဏ်စီရင်ခြင်း ခံရသော မာရ်နတ်ကဲ့သို့ မဖြစ်စီခြင်းငှာ သင်းအုပ်သည် ယုံကြည်ခြင်း၌ ရင့်ကျက်သောသူ ဖြစ်ရမည်။


သို့ရာတွင် အပျော်အပါးတပ်မက်သော မုဆိုးမသည်ကား အသက်ရှင်လျက်ဟိသော်လည်း အသီဖြစ်၏။


ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။


ထိုသူရို့သည် ကွဲပြားမှုကို ဖြစ်စီသောသူ၊ ဇာတိစိတ်အလိုသို့ လိုက်သောသူ၊ ဝိညာဉ်တော်ကို မရသောသူရို့ ဖြစ်ကြ၏။


အကြောင်းမူကား ဘုရားဝတ်၌ မွိ့ပျော်ခြင်းမဟိသော လူတချို့သည် သင်ရို့အထဲသို့ တိတ်တဆိတ် ဝင်ရောက်လျက် ဟိနိန်ကြသောကြောင့် ဖြစ်၏။ သူရို့သည် ငါရို့ ဘုရားသခင်၏ ကျေးဇူးတော်ကို သူရို့၏ ကာမဂုဏ်လိုက်စားခြင်းအဖြစ် မှောက်လှန်ကြလျက် ငါရို့၏ တစ်ပါးတည်းသောအသျှင်နှင့် သခင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို ငြင်းပယ်ကြ၏။ ထိုသူရို့ကား ရှီးမဆွကပင်လျှင် ပြစ်ဒဏ်စီရင်ရန် သမ္မာကျမ်းစာ၌ ဖော်ပြထားပြီးဖြစ်ကြ၏။


Lean sinn:

Sanasan


Sanasan