Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 2:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

20 အိမ်ကြီးတစ်ဆောင်၌ ရွှီ၊ ငွီဖြင့် ပြုလုပ်ထားသော ပစ္စည်းများသာ ဟိသည်မဟုတ်၊ သစ်သားဖြင့်လည်းကောင်း၊ မြီကြီးဖြင့်လည်းကောင်း ပြုလုပ်ထားသော ပစ္စည်းများလည်း ဟိကြ၏။ တချို့မှာ အထူးရည်ရွယ်ချက်အတွက် ဖြစ်၏။ တချို့မှာ သာမန်အတွက် ဖြစ်ကြ၏။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 2:20
15 Iomraidhean Croise  

ယေသျှုကလည်း “ငါသည် နတ်ဆိုး ဝင်ပူးခံနိန်သူ မဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သို့သော်လည်း သင်ရို့က ငါ့ကို ရှုတ်ချကြ၏။


သို့သော်လည်း ငါ၏မိတ်ဆွီ၊ ဘုရားသခင်ကို ပြန်ပြောရဲလောက်အောင် သင်သည် ဇာပိုင်လူလဲ။ မြီအိုးတစ်လုံးက အိုးလုပ်သူအား သင်သည် ငါ့ကို “ဇာကြောင့် ဤပုံစံ လုပ်ရလဲ” ဟု ဆိုရမည်လော။


ငါရို့သည် ဘုရားသခင်ထံတော်၌ အတူတကွ လုပ်ဆောင်ကြသော လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြ၏။ သင်ရို့သည်ကား ဘုရားသခင်၏ ဥယျာဉ် ဖြစ်ကြ၏။ သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်လည်းဖြစ်ကြ၏။


သို့သော် အလွန်ထူးမြတ်သော တန်ခိုးသည် ငါရို့ပါးက မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ထင်ရှားစီရန် မြီအိုးထဲ၌ ထည့်ထားသော ဤဝိညာဉ်ဘဏ္ဍာသည် ငါရို့၌ ဟိ၏။


သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။


သို့သော်လည်း ငါလာရောက်ရန် နှောင့်နှေးကြန့်ကြာနိန်လျှင် အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်သော ဘုရားသခင်၏အိမ်ထောင်စု၌ မည်သို့ စီမံခန့်ခွဲသင့်သည်ကို သင်သည် ဤစာအားဖြင့် သိခွင့်ရလိမ့်မည်။ အသင်းတော်သည်ကား သမ္မာတရား၏ အုတ်မြစ်ဖြစ်သည့်အပြင် မဏ္ဍိုင်လည်း ဖြစ်၏။


ဝိညာဉ်ဆိုင်ရာ ဗိမာန်တော် တည်ဆောက်ခြင်း၌ သင်ရို့ကိုယ်တိုင်သည်လည်း အသက်ရှင်သော ကျောက်အဖြစ်နန့် အသုံးတော် ခံကြလော့။ ထိုဗိမာန်တော်တွင် သင်ရို့သည် ယေသျှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူသော ဝိညာဉ်ဆိုင်ရာ ယဇ်ကို ပူဇော်ခြင်းငှာ သန့်ယှင်းသော ယဇ်ပုရောဟိတ်များကဲ့သို့ ဆောင်ရွက်ကြလိမ့်မည်။


Lean sinn:

Sanasan


Sanasan