Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 2:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

18 သူရို့သည် သမ္မာတရားမှ လမ်းလွဲလျက် သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြလေပြီဟု ဆိုကာ တချို့သောယုံကြည်သူရို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးနိန်ကြ၏။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 2:18
16 Iomraidhean Croise  

ယေသျှုကလည်း “ကောင်းကင်ဘုံသျှင် အကျွန့်အဖ စိုက်တော်မမူသော အပင်ဟိသမျှသည် အမြစ်ပါ မကျန်ယောင် နုတ်ပစ်ခြင်းခံရလိမ့်မည်။


ယေသျှုက “သင်ရို့သည် ဘုရားသခင်၏တန်ခိုးကိုလည်းကောင်း ကျမ်းစာကိုလည်းကောင်း မသိကြသောကြောင့် အလွန် လွဲမှားနိန်ကြ၏။


ကျောက်ခံမြီ၌ ကျသောမျိုးစိ့ကား နှုတ်ကပတ်တရားတော်ကို ကြားသောအခါ ဝမ်းမြောက်စွာ ခံယူသူကို ဆိုလို၏။ သို့သော်လည်း သူရို့၏ စိတ်နှလုံး၌ အမြစ်မစွဲ၊ ကာလအနည်းချေရာ ယုံကြည်လက်ခံကြ၏။ စုံစမ်းနှောက်ယှက်ခြင်းနှင့်တွိ့သောအခါ သူရို့သည် ဖောက်ပြန်လားကြ၏။


သို့သော် ဘုရားသခင်က လာသည့် အမှုကိစ္စဖြစ်လျှင် ထိုသူရို့ကို သင်ရို့ မဖျက်ဆီးနိုင်ပေ။ သင်ရို့လည်း ဘုရားသခင်ကို ဆန့်ကျင်ဖက် ပြုရာကျမည်” ဟု ဆို၏။ တရားလွှတ်တော်ကလည်း ဂါမေလေလျ၏ အကြံပီးချက်ကို လက်ခံကြ၏။


သင်ရို့၌ စိတ်ဝမ်းကွဲပြားမှု ဟိရမည်။ ထိုသို့ ဟိမှသာလျှင် မှန်သောဘက်၌ ဟိသောသူတိကို ပေါ်လွင်ထင်ရှားမည်။


ခရစ်တော်သည် သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်မူကြောင်းကို ငါရို့ဟောပြောလျက် ဟိသည်ဖြစ်၍ သင်ရို့ အထဲမှ တချို့သောသူရို့က သီခြင်းတရားမှ ရှင်ပြန်ထမြောက်ခြင်းဟူ၍ မဟိဟု ဇာကြောင့် ပြောဆိုနိန်ကြသနည်း။


သို့ဖြစ်၍ သင်ရို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြပြီးဖြစ်သောကြောင့် ဘုရားသခင်၏ လက်ယာတော်ဖက်၌ ခရစ်တော် ထိုင်တော်မူရာ အထက်အရပ်၌ဟိသော အရာတိကိုသာ စိတ်စွဲလမ်းကြလော့။


သင်၏ယုံကြည်ခြင်းကို လည်းကောင်း၊ ကြည်လင်သော အသိစိတ်ကို လည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။


ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။


အကြောင်းမူကား လူတချို့သည် အသိပညာနောက်သို့ လိုက်ပါ၍ ယုံကြည်ခြင်းလမ်းမှ လွဲလားကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည် သင်ရို့အားလုံး၌ ဟိပါစီသောဝ်။


ဤအကြောင်းအရာများကို ဘုရားသခင်၏လူတိအား သိကြားစီလော့။ ထို့နောက် ဘုရားသခင်ရှိ့မှောက်၌ စကားအားဖြင့် မငြင်းခုံကြရန် သူရို့အား လေးနက်စွာ သတိပီးလော့။ ထိုသို့ပြုမှုခြင်းသည် ကောင်းကျိုးမဟိသည့်အပြင် နားထောင်သောသူရို့ကိုလည်း ပျက်စီးတတ်လေ၏။


သူရို့သည် မစင်ကြယ်သော အကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကို သွန်သင်လျက် မိသားစုများအားလုံးကို ပျက်စီးစီခြင်းငှာ လုပ်ဆောင်နိန်ကြသောကြောင့် ထိုသူရို့၏နှုတ်ကို ပိတ်စီရမည်။


ထို့ကြောင့် ငါသည် သူရို့ကို အမျက်တော်ထွက်၍ ကျိန်ဆိုတော်မူသည်မှာ၊ ‘သူရို့သည် အမြဲတမ်း သစ္စာဖောက်ကြပြီးလျှင်၊ ငါ့ပညတ်တော်များကို လိုက်နာရန် ငြင်းဆန်ကြ၏။’


ညီအစ်ကို မောင်နှမရို့၊ သင်ရို့၌ တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားမှ လွဲလားသောအခါ တစ်စုံတစ်ယောက်က သူ့ကို ပြန်လည်၍ ခေါ်ဆောင်ပီးလော့။


ထိုသူရို့သည် အမှန်စင်စစ် ငါရို့၏ မိတ်သဟာယတွင် ပါဝင်ခြင်းမဟိခသဖြင့် ငါရို့ပါးမှ ထွက်လားကြ၏။ ထိုသူရို့သည် ငါရို့နှင့် မိတ်သဟာယဖွဲ့ခြင်း ဟိပါက ငါရို့နှင့်အတူ ဟိနိန်ကြမည်ဖြစ်၏။ သို့သော်လည်း သူရို့ ထွက်လားကြခြင်းမှာ ငါရို့မိတ်သဟာယတွင် သူရို့ အမှန်ပင် မပါဝင်ကြောင်းကို ပေါ်လွင်ထင်ရှားစီရန် ဖြစ်၏။


Lean sinn:

Sanasan


Sanasan