11 မှန်သောစကားဟူမူကား၊ “ငါရို့သည် ကိုယ်တော်နှင့်အတူ သီလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
ခဏကြာလျှင် ဤလောကသားတိ ငါ့ကို မမြင်ရသော်လည်း သင်ရို့ကား မြင်ရလိမ့်မည်။ ငါသည် အသက်ရှင်သည်ဖြစ်၍ သင်ရို့လည်း အသက်ရှင်ကြလိမ့်မည်။
ငါရို့သည် ထိုအသျှင်၏အသီခံခြင်း၌ ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိခသကဲ့သို့ ထိုအသျှင်သည် သီခြင်းမှ ထမြောက်သောအခါ၌လည်း ထိုအသျှင်နှင့် တစ်လုံးတစ်ဝတည်း ဟိကြရလိမ့်မည်။
ငါရို့သည်လည်း ခရစ်တော်နှင့်အတူ အသီခံထားပြီးပြီဖြစ်၍ ထိုအသျှင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်ဟု ယုံကြည်လျက်ဟိကြ၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီသတ်ခံရစဉ်က အားနည်းသည့် အခြေအနေ ဟိခသော်လည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထို့ကြောင့် ငါရို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်ရို့ရှိ့၌ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
ငါရို့သည် ယေသျှု အသက်ရှင်တော်မူကြောင်းကို ငါရို့၏ခန္ဓာကိုယ်၌ ထင်ရှားစီရန် ယေသျှု အသီခံတော်မူခြင်းဆိုင်ရာ ဒုက္ခဝေဒနာကို ငါရို့၏ ကိုယ်ခန္ဓာ၌ အမြဲတမ်း ခံယူထားကြ၏။
ထို့နောက် အသက်ရှင်လျက် ကျန်ခသော ငါရို့သည် အာကာသ၌ သခင်ဘုရားနှင့် တွိ့ဆုံရန် ထိုသူရို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းကို ခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါရို့သည် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် ဟိကြလိမ့်မည်။
ငါရို့သည် အိပ်ပျော်လျက်ဟိသည်ဖြစ်စီ၊ နိုးလျက်ဟိသည်ဖြစ်စီ ထိုအသျှင်နှင့်အတူ အသက်ရှင်ခြင်းငှာ ကိုယ်တော်သည် ငါရို့အတွက် အသီခံတော်မူ၏။
ခရစ်တော်ယေသျှုသည် အပြစ်သားရို့ကို ကယ်တင်ရန် ဤလောကထဲသို့ ကြွဆင်းလာတော်မူ၏ဟူသော စကားသည် မှန်သောစကားဖြစ်၍ လုံးဝ လက်ခံ ယုံကြည်ရမည့်စကားလည်း ဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးသောသူ တစ်ယောက်ဖြစ်၏။
သင်းအုပ် တစ်ယောက်ဖြစ်လိုသောသူသည် အလွန်ကောင်းမြတ်သည့် အလုပ်တစ်ခုကို လိုလားတောင့်တသောသူ တစ်ယောက်ဖြစ်၏ဟူသော စကားသည် မှန်သောစကား ဖြစ်၏။
ဤစကားသည် မှန်သောစကား ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်အားကိုး သောသူရို့သည် မိမိရို့ကိုယ်တိုင် ကောင်းသောအမှုများကို လုပ်ဆောင်ကြရန် အမြဲ ဂရုစိုက်ကြရမည့်အကြောင်း ငါသည် သင့်အား ဤအရာများကို အလေးအနက် ထားစီလို၏။ ဤအရာများသည်ကား လူတိုင်းအတွက် အလွန်ကောင်းမြတ်၍ အကျိုးဟိပေ၏။