၂ တိမောသေ 1:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား8 ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။ Faic an caibideil |
ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။
သင်ရို့ကို ငါသည် အစဉ်အမြဲ အောက်မိ့၏။ သို့ဖြစ်၍ ငါသည် သင်ရို့နှင့်ပတ်သက်၍ ထိုသို့ သဘောထား၏။ ငါသည် ယခု အကျဉ်းခံရသော အရာ၌ လည်းကောင်း၊ ဧဝံဂေလိတရားကို လွတ်လပ်စွာ ကာကွယ်၍ ထိုတရားကို ခိုင်ခံ့စွာ တည်စီသော်လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကို မျှဝီခံစားသောသူများ ဖြစ်ကြသဖြင့် သင်ရို့အားလုံးသည် ငါ၏စိတ်နှလုံး၌ ဟိကြ၏။
ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။